April 17, 2008

သံလွင်အိပ်မက် အတွဲ(၂) အမှတ် (၂)အတွက် စကားဝိုင်း

သံလွင်အိပ်မက် အတွဲ(၂) အမှတ် (၂)တွင် ထည့်သွင်းအသုံးပြုမည့် သံလွင်အိပ်မက်စကားဝိုင်းကဏ္ဍအတွက် အောက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး ၂၀၀၈ ဇွန်လ ၁၅ရက် မတိုင်မီ ၀င်ရောက်ဆွေးနွေးနိုင်ပါသည်။

“မြန်မာပညာတတ်တွေ ပြည်ပထွက် အလုပ်လုပ်ခြင်းရဲ့ အကျိုးဆက်”

7 comments:

Anonymous said...

ဂလိုဘယ်လိုက်ဇေးရှင်းလို့ ခေါ်နေကြတဲ့ ဒီခေတ်မှာ ကမ္ဘာကြီးက ရွာတစ်ရွာလိုဖြစ်နေပါပြီတဲ့။
တိုင်းပြည်၊ နိုင်ငံတွေ အိမ်နီးချင်းတွေလို သွားရလာရလွယ် လာပြီး အလုပ်လုပ်ကိုင်သူများကလည်း ဟိုနိုင်ငံကူး ဒီနိုင်ငံလာ၍ ၀မ်းစာအတွက်
အလုပ်လုပ်ကိုင်နိုင်ကြပါပြီ။ မြန်မာပညာတတ်တွေဟာလည်း ဂလိုဘယ်လိုက်ဇေးရှင်းမှာ ပါဝင်လာကြပါတယ်။

“အကျိုးဆက်” ဆိုတော့ ကောင်းကျိုးလည်းပါသလို ဆိုးကျိုးလဲ ရှိတာပေါ့။

ကောင်းကျိုးက ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ပညာရှင်တွေဟာ နိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာပြီဆိုရင်တော့
နိုင်ငံတကာမှာရရှိခဲ့တဲ့ အတွေ့အကြုံတွေကို မြန်မာပြည်တိုးတက်ဖွံ့ဖြိုးရေးမှာ အထောက်အကူပြုမှာဖြစ်ပါတယ်...။
ဒါပေမယ့် ပညာတတ်တွေ၊ ပညာရှင်တွေကို ပြန်လည် ဆွဲဆောင်နိုင်မယ့် ပညာအခြေခံတဲ့ ပတ်ဝန်းကျင်တစ်ခုဟာ မြန်မာပြည်မှာ ရှိနေရပါမယ်။

ဆိုးကျိုးကတော့ အဲဒီအခြေအနေမျိုးကို မြန်မာပြည်မှာ မရှိသေးတဲ့အတွက် ပြည်တွင်းက လူ့စွမ်းအား၊ ဦးနှောက်ယိုစီးမှုတွေကပိုမိုများပြားလာပါတယ်။
ဒါဟာ တိုင်းပြည်အတွက် အရမ်းနစ်နာတဲ့ အချက်ပါ..

Ko Myo (SG) said...

Brain drain is a problem almost all the developing countries have been facing. But, this problem is more grave and happening at an alarming rate for the case of Burma. Just look at Singapore, how many young and educated professionals are working here? How many of us have converted to Singapore citizenship?
Personally, I feel very sad that I have been contributing the best years of my life for the development and benefit of other countries, but not for my motherland.

By and large, the migration of Burmese professionls will benefit each and every individual. However, there will be a lot of negative impact for the country itself. Burma will be short of intellectual power and lagged behind. These negative consequences may not be visible in a near future, but the country will have to feel the pinch for sure.

Anyway, let us look forward to the day when we all can go back and contribute for the development of Burma. Meanwhile, let us do whatever in our capacity for our motherland.

As Confucius said, "Lighting a small candle is much better than cursing the darkness."

Anonymous said...

Although brain drain is bad, I do not think it is worse than the waste of brain in own country.

I would argue that if we do not contibute to the development of the countries we have migrated to, the unfilled vacancies in these countries will quickly be taken by people from other failed states. In that situation we will not only waste our intellectuals but will also miss the opportunity to learn advanced technologies from developed countries.

On the other hand, since the countries are so closely linked to each other that if we cannot contribute to the development of our country, we can contribute to the development of the world and indirectly to our country.

Moreover, it is widely accepted that overseas chinese played critical role as well as the overseas indians in the moderniation of their countries. Nothing is forever, change will come and doing the best in our present roles are better than be dreaming of impossible things.

I assume that now the overseas Burmese workers are earning significant income both for the country and their families. May be it is true to say that without migrant worker's income, the condition of our country will be much worse.

Anonymous said...

yeah..

I accept anonymous 's word : Although brain drain is bad,it is better than the waste of brain in own country.

The situation in our country makes the youth and educated people to go out from country.

If they stay inside country, they cannot use their ability to contribute the development of mother land.

If they come out from country, at least they can get good income to support their own family and they can help poor people surrounding their families.

So it is good for them to go out from country eventhough not good for our country.

Our Gov wants this situation.
So what can we do?

Unknown said...

ပညာတတ်တွေ ပြည်ပ ထွက်ခြင်းဟာ အဲဒီပညာတတ်တွေကို ပိုပြီး ပညာတတ်စေမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ သူတို့တတ်ထားတဲ့ ပညာတွေကို လက်တွေ့ အသုံးချလို့ ရတဲ့ အပြင် သူရောက်ရှိနေတဲ့ နိုင်ငံကိုလည်း အကျိုးရှိစေလို့ပါပဲ။ အမည်မသိပြောသွား သလိုပါပဲ။ ကမ္ဘာကြီးကို အကျိုးပြုခြင်းဟာ ကိုယ့်နိုင်ငံကိုလည်း သွယ်ဝိုက်ပြီး အကျိုးရှိစေပါတယ်။

ပညာတတ်တွေ ပြည်ပ ထွက်လာတယ်ဆိုတာဟာ နိုင်ငံအတွင်းမှာ ပညာတတ်တွေဖို့ နေရာမရှိလို့ ထွက်လာကြရတယ်ဆိုပေမယ့် ပြည်တွင်းမှာလည်း ပညာတတ်တွေတော့ ကျန်ပါသေးတယ်။ အများကြီးကို ရှိနေပါသေးတယ်။ ဒါပေမယ့် ပြည်တွင်းက ပညာတတ်တွေရဲ့ လုပ်ပိုင်ခွင့်ဟာ အကန့်အသတ်နဲ့ ဖြစ်နေပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ကြားဖူးတဲ့ ဒဏ္ဍာရီပုံပြင်ဆန်ဆန် ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြချင်ပါတယ်။

ဦးနေ၀င်းလက်ထက်ကလို့ ပြောကြပါတယ်။ Physic တက်နေတဲ့ တက္ကသိုလ်ကျောင်းသားနှစ်ယောက်ဟာ Projectတစ်ခုအနေနဲ့ ဒုံပျံအသေးစားလေးတစ်ခုကို တီထွင်ကြပြီး အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အဲဒီဒုံးပျံဟာ ဦးနေ၀င်းရဲ့ အင်းလျားကန်စောင်းက ခြံထဲကို ကျသွားပါတယ်တဲ့။ အဲဒါကို ဦးနေ၀င်းက သိတာနဲ့ တပြိုင်နက် အဲဒီကျောင်းသား နှစ်ယောက်လည်း ကျောင်းက ထုတ်ခံလိုက်ရပါတယ်။ နောက်ပိုင်းတော့ အဲဒီကျောင်းသားနှစ်ယောက်ဟာ NASAမှာ အလုပ်လုပ်နေကြပါတယ်တဲ့။

အဲဒီပုံပြင်ဆန်ဆန်အကြောင်းအရာလေးကို ကြည့်ကတည်းက ကျွန်တော်တို့ နိုင်ငံဟာ ပညာတတ်များအတွက် နေရာမရှိဘူးဆိုတာ သိသာပါတယ်။ ကျွန်တော်ပြောချင်တာကို အကျဉ်းပြန်ချုပ်ရမယ်ဆိုရင် ပညာတတ်တွေ ပြည်ပထွက်လာခြင်းဟာ အဲဒီပညာတတ်တွေအတွက် အကျိုးအများကြီး ပိုဖြစ်စေပြီး နိုင်ငံအတွက်တော့ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါကြောင်း။

TZA said...
This comment has been removed by the author.
Anonymous said...

Although brain drain is bad, I do not think it is worse than the waste of brain in own country.

အဲဒီ စကားကို တစ်စိတ်တစ်ဒေသ လက်ခံနိုင်ပါတယ်။ ပြည်ပထွက်ခြင်းရဲ့ အကျိုးကျေးဇူးက အတွေ့အကြုံ ဗဟုသုတ သိသိသာသာ တိုးတက်စေတာတော့ အမှန်ပဲ။ ပြည်ပက ပြန်လာတဲ့ နိုင်ငံသားတွေရဲ့ ( ပြန်မလာတောင် နိုင်ငံအတွက် အကျိုးပြုနေတဲ့ သူတွေရဲ့) ဦးနှောက်တွေဟာ နိုင်ငံတည်ဆောက်ရေးအတွက် အင်မတန်အရေးပါတယ်ဆိုတာကို ငြင်းပယ်လိုက်ရင် ကြီးကျယ်တဲ့ အမှားကြီးတစ်ခုဖြစ်သွားပါလိမ့်မယ်။