"How would you help your people and nation if you were given a chance to do so?"
Let's discuss together and share your opinions in this blog.
Feel free to express your view in the comments.
We'd be using that for our upcoming issue 9, Jan 2007.
Editors
Thanlwin Ainmat
October 21, 2006
Discussion on how you would help your people and nation if you were given a chance to do so
Posted by ThanlwinAinmat at 10/21/2006 05:42:00 PM
Subscribe to:
Post Comments (Atom)
22 comments:
Firstly, I would help out by giving affordable, standard education (including social awareness etc) to every willing person in Myanmar. Once the human resource is developed well enough, there's not a lot of things that you need to help with a country.
If (Big If) I got the chance,
Step-1: We must know where are we now: i.e. collect true, unbiased country wide comprehensive economic and social statistics. Request int'l organizations for help in carrying out this task.
Step-2: Gathering of all the experts (worldwide) and stakeholders to brainstorms what should be the true model for the development of Myanmar. i.e. economic growth, economic and social development (p.s. growth is different from development in economic term)
Step-3: (Short-term)
a. Fulfil Millenium Development Goals
b. Substantial increase in education and health expenditure
c. Educate the public on civic moral and responsibility
d. Transparency in economic policy
e. Strong Macroeconomic Fundamentals by comprehensive econoimc reform
f. Increased spending on R&D
g. Send trainees abroad in mass
h. Tackling corruption and government efficiency
Step-4: (Medium-term)
a. Active participation at the international fora
b. Create strong social safety programme
c. Outsourcing of Myanmar cultural identity
d. Enhance productivity and international competitiveness
Step-5 (Long-term)
a. Create an economic and cultural hub in the region
b. Key political player in the region
တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ဟာ ယနေ့ခေတ်လူငယ်တွေ အပေါ်မှာအများကြီး မူတည်နေပါတယ်။ လူငယ်လို့ပြောလိုက်တာနဲ့ အမျိုးသားများသာမဟုတ်ဘဲ အမျိုးသမီးများလည်းပါဝင်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံမှာက အမျိုးသမီးဦးရေက အမျိုးသားဦးရေထက်ပိုများလေတော့ အမျိုးသမီးများရဲ့ အခန်းက ဏ္ဍကလည်း အရေးကြီးပါတယ်။ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးဖို့ဆိုတာ အမျိုးသားများ လုပ်အားနဲ့တင် မလုံလောက်တော့ပါဘူး။ အမျိုးသမီးများပါအမျိုးသားများနှင့်ရင်ဘောင်တန်းပြီး အမျိုးသမီးလုပ်အားများလုပ်အားနဲ့ပါ တိုင်းပြည်တည်ထောင်ရမှာဖြစ်ပါတယ်။ စိတ်မကောင်းစရာကောင်းတာက မြန်မာအမျိုးသမီးများအတွက် အလုပ်အကိုင်နေရာ များများစားစားမရှိလှပါဘူး။ ဟိုအရင်တုန်းက အထည်ချုပ်စက်ရုံတွေမှာ အမျိုးသမီးတွေအလုပ်အကိုင်းအဆင်ပြေခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အထည်ချုပ်စက်ရုံတွေ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ကျွန်မတို့တိုင်းပြည်မှာ တဖြည်းဖြည်းလျော့ပါးသွားတဲ့အခါမှာ အလုပ်လက်မဲ့ မြန်မာအမျိုးသမီးဦးရေ တစ်စစတိုးပွားလာပါတယ်။ သူတို့ကိုမှီခိုမှီတည်နေရတဲ့ မိသားစုဝင်တွေအတွက် ရရာအလုပ်ကိုရှာဖွေကြရတာပါပဲ။ ကျွန်မငယ်ငယ်တည်းက အဖွား ၊ အမေ တို့ရဲ့ ဆုံးမစကားများနဲ့ကြီးပြင်းလာခဲ့ရတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်ကအထိကို စင်တင်တေးဂီတ လို့ခေါ်တဲ့ စားသောက်ဆိုင်တွေမှာ ညဘက်မှာ သီချင်းဆိုပြီး အသက်မွေးဝမ်းကျောင်းတဲ့ မိန်းကလေးတွေကိုအင်မတန်စက်ဆုတ်ခဲ့ပါတယ်။ စင်ပေါ်ကနေ မြူဆွယ်နေတာလို့ လည်းရင့်ရင့်သီးသီးပြောခဲ့ဖူးပါတယ်။ ကျွန်မကအသက်သာကြီးတယ် ဘ၀နဲ့လောကအကြောင်းကိုမသိသေးသူပါ။ အခုမှ သိအောင်ကြိုးစားလေ့လာနေဆဲပါ။ အဲလိုသိအောင်လေ့လာတဲ့အခါကျမှ ကျွန်မရဲ့ဟိုအရင်က အမြင်တွေ ၊ သဘောထားတွေတစ်ချို့ပြောင်းလဲကုန်ပါတယ်။
အိမ်ထောင်ရှိလျက်နဲ့ အမျိုးသမီးတစ်ချို့ဘာကြောင့် ကြေးစားအလုပ်ကိုလုပ်ကြတာလဲ။ သူတို့ အိမ်ထောင်ဖက်တွေကရော ဘာကြောင့် အဲဒီ အလုပ်လုပ်နေတာကိုခွင့်ပြုရတာလဲ လို့ ကျွန်မက သူငယ်ချင်းတစ်ယောက်ကိုမေးမိပါတယ်။ ကျွန်မက အင်မတန်စပ်စုသူပါ။ ကျွန်မ သိချင်တာတွေ ၊ သိလိုတာတွေကို သူငယ်ချင်းတွေကိုမေးလေ့ရှိလို့ ကျွန်မရဲ့ တချို့မေးခွန်းတွေက ဖြေရခက်တယ်လို့ သူတို့ကပြောကြပါတယ်။ အမှန်အတိုင်း ပြောရရင် ကျွန်မထင်ခဲ့တာပေါ့လေ။ ကြေးစားအလုပ်လုပ်နေကြတဲ့ မိန်းကလေးတွေက ၀ါသနာပါလို့(ကျွန်မ စကားလုံးတွေရိုင်းပြသွားတာ ခွင့်လွှတ်ပါရှင်) လို့ပဲ ထင်ခဲ့တာ။
စားဝတ်နေရေးဆိုတာကို ကျွန်မ မသိခဲ့ဘူး။ ကျွန်မရှင်သန်နေခဲ့ရတဲ့အသိုင်းအ၀ိုင်းမှာ အဆင်ပြေနေလေတော့ ကျွန်မက လူတွေအားလုံး အဆင်ပြေနေတယ်ပဲထင်ခဲ့မိတာ။
ကျွန်မထင်ပါတယ်။ ဘယ်မိန်းကလေးမဆို မိန်းမကောင်းဆိုတဲ့ နာမည်ကောင်းလေးပဲ လိုချင်ကြတာပါ။ မိန်းမကောင်းလေးတွေဖြစ်ဖို့ အခွင့်အလမ်းရှိမယ်ဆိုရင် သူတို့မိန်းမကောင်းလေးတွေပဲဖြစ်ချင်ကြမှာပါ။ မချစ်မနှစ်သက်သူတွေရဲ့ ရင်ခွင်မှာ သူတို့ဘ၀ကို သူတို့ စက်ဆုပ်ကြမှာပါပဲ။ စိတ်ဝေဒနာလည်း အနည်းနဲ့အများဆိုသလို ခံစားကြရမှာပါပဲ။ ဟန်ဆောင်အပြုးတွေနဲ့ လှအောင်ပြုံးနေရပေမယ့် သူတို့ရင်ထဲမှာ ဘယ်လောက်နာကျင်နေမယ်ဆိုတာ ကျွန်မ ခန့်မှန်းမိပါတယ်။ အန်ဂျီအိုအဖွဲ့အစည်း တစ်ခုမှာ အမျိုးသမီးကယ်ဆယ်ရေး အလုပ်တာဝန်ကို လုပ်နေတဲ့ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ကပြောပြပါတယ်။ သူတို့တွေကိုကယ်တင်တဲ့အလုပ်ဟာ ထင်သလောက်မလွယ်ပါဘူးတဲ့။ သူတို့ဟာ လမ်းမှားကို မသိလို့ရောက်ရတာမျိုး မဟုတ်ဘဲ သိသိလျက်နဲ့ လမ်းမှားပေါ်ရောက်နေကြတာဆိုတော့ အမှားကိုသိမှ အမှန်ကိုပြင်နိုင်မှာ ။ အမှားကိုအမှားမှန်းသိလျက်နဲ့ မှားနေကြရတော့လည်းလေ။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတုန်းက ရုရှားအမျိုးသမီးများ အခြားတိုင်းပြည်များ မှာ ကြေးစားအဖြစ်အသက်မွေးဝမ်းကျောင်းခဲ့တာတွေရှိခဲ့ပါတယ်။ ကျွန်မတို့ တိုင်းပြည်က မပြိုကွဲဘဲနဲ့ မိန်းကလေးတွေ အိမ်နီးချင်းနိုင်ငံများမှာ ဘ၀ပျက်နေကြရတာ ကို သိရတော့ ကျွန်မမှာ ဘာဖြစ်လို့ ဆိုတဲ့မေးချင်တဲ့မေးခွန်းတွေအများကြီးပေမယ့် ...
ကျွန်မကအင်မတန်စိတ်ကူးယဉ်ပါတယ်။ အဲသည်မိန်းကလေေးတွကို ကယ်တင်မယ်လို့ စိတ်ကူးတွေယဉ်ဖူးပါတယ်။ ကျွန်မမှာသာ လုပ်ပိုင်ခွင့်တစ်စုံတစ်ရာရရှိခဲ့ရင် ဆိုတဲ့ စိတ်ကူးမျိုးယဉ်မိဖူးပါတယ်။ ကျွန်မမှာသာလုပ်ပိုင်ခွင့်ရှိခဲ့ရင် အလဟ ဿ
ယိုစီးဆုံးရှုံးနေတဲ့ တိုင်းပြည် ဘဏ္ဍာတွေကို စနစ်ကောင်းကောင်းတစ်ခု (လီကွမ်ယုစံနစ်ကို ကျွန်မသဘောကျပါတယ်)နဲ့ ထိန်းသိမ်းပြီး သူတို့အတွက် အသက်မွေးဝမ်းကျောင်းအလုပ်တွေဖြစ်တဲ့ စက်ချုပ် ၊ ဇာထိုး ပန်းထိုးအလုပ်တွေ ပေးနိုင်မယ်ဆိုရင် ၊ အမျိုးသမီးများတတ်နိုင် လုပ်နိုင်တဲ့ လုပ်ငန်းသေးလေးတွေ တည်ထောင်ပေးမယ်ဆိုရင်..
ကျွန်မ စိတ်ကူးတွေနဲ့တော့ ကျွန်မ ဟုတ်နေတာပါပဲ။ ဒါပေမယ့်လည်း လေ ကျွန်မတို့တွေက သူတို့တွေရဲ့ ဘ၀တွေကို ကယ်တင်နိုင်တယ်ပဲထားပါဦးလေ။
သူတို့ရဲ့ စိတ် ဒဏ်ရာတွေအတွက် ၊ စိတ်ဝေနာတွေအတွက် ....
ကျွန်မ ဘာများတတ်နိုင်ဦးမှာလဲ။
ယဉ်ယဉ်
its quite challenging, but would be worth doing if we were given a total freedom to truly build our country from scratch.
may b,i should not say from scratch, because we are not gonna hav a clear new start. there are corruptions that needed to be made good.
I wouldnt go in so deep, but rather discuss it generally. The only thing that i am always sad about whenever i m bak home is to see or hear about people who are stepping over others head to actually make their living or success. Or people who are ok of being stepped on them to make their living.
Even though all the infrastructure of the country are being re-established properly, if the attitudes are still in a total mess, it would not make a big difference. But we would rather become like another rich prostitute country.
We came to overseas, we have experienced different people of different wealth n status, havnt we noticed that rich and developed people of the state could be so low in the act of dealing with another human of different status. Its not the matter of being developed, its about having a good citizens to make the country homey.
I am trying to make a point that, i would put the matter of corrupted attitude as the first priority if we were given another chance to have a fresh start.
But even if there is no chance or little chance, for now,to do what u really want to, start from the people that you are close to. Ask if they would " moe khar yae thaut ma lar?".
Let them know how much bad that could bring even from a small act of corruption.
When they are found of living in a luxury with all these black money, will they be happy to actually welcome a good leader, a true leader, who would bring down bad systems n bad guys?
its the matter of making it become a habit.
So lets dont wait for the dream chance proposed, lets act...start by calling your dad not to bet on EuroCap...cuz we will be helping out the lazy corrupted fake business man..(ball pwe dine)
by telling your mom not to buy lunch for the telephone guys who would cut your line when they dont want to pay for their lunch...
by telling the waiter from restaurant or massage room not to call you " sa yar "a million times n ask ur for tip...
by saying the kids from the street to get a job in a tea house instead of begging...
Up to my knowledge, these count and i would rather start from there....
တိုင်းပြည်နဲ့လူမျိုးအတွက် ကျွန်တော့်မှာသာ အခွင့်အရေးရှိခဲ့မယ်ဆိုရင် လုပ်ပေးချင်တဲ့အရာ နှစ်မျိုးရှိပါတယ်။
ပထမက နိမ့်ကျနေတဲ့ပညာရေးအဆင့်အတန်းကို ပြန်လည်မြှင့်တင်ပေးနိုင်ဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ နိုင်ငံရပ်ခြားမှာရောက်နေတဲ့ မြန်မာ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို မိမိနေရပ်သို့ ပြန်လာစေရန် အခွင့်အလမ်းများ ဖန်တီးပေးဖို့ဖြစ်ပါတယ်။
ပထမအချက်အနေနဲ့ နိမ့်ကျနေတဲ့ ပညာရေးအဆင့်အတန်းကို ပြန်လည်မြှင့်တင်ပေးနိုင်ဖို့ဆိုရာမှာ လက်ရှိဖြစ်နေတဲ့ သင်ရိုးပုံစံများ မလိုအပ်ဘဲ ဇာတ်ဆရာအလိုကျ မကြာခဏ ပြင်ဆင်ခြင်းတွေကို ရှောင်ရှားသင့်ပါတယ်။ ပြီးတော့ အမှန်တကယ် တတ်သိနားလည်တဲ့ ပညာရှင်များနှင့်တိုင်ပင်ပြီး ကျောင်းသားလူငယ်တွေ သိသင့်သိထိုက်တဲ့ ပညာရပ်များကို သင်ကြားပေးနိုင်မယ့် သင်ရိုးပုံစံသစ် တစ်ခုကို လက်ရှိလုပ်နေကျပုံစံအတိုင်း ဖုတ်ပူမီးတိုက် မပြောင်းလဲဘဲ အသေအချာ အချိန်ယူပြင်ဆင်သင့်ပါတယ်။ ပြီးတော့ အဲဒီ သင်ရိုးပုံစံအသစ်ဟာ အသေမဟုတ်ဘဲ ထပ်မံဖြည့်စွက်ဖို့ လိုအပ်လျှင် လိုအပ်သလို အသင့်အနေအထားမှာ ရှိသင့်ပါတယ်။ အဆင့်အတန်းမီတဲ့ ဆရာ၊ ဆရာမ အမြောက်အမြားကို အရင် မွေးထုတ်ရပါဦးမယ်။ အဲဒီကမှ အဆင့်အတန်းမီတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို ကျွန်တော်တို့ ရမှာဖြစ်ပြီး တိုင်းပြည်အတွက် အဓိကလိုအပ်တဲ့ လူ့အရင်းအမြစ်ကို ရပါမယ်။
ဥပမာ-ကျွန်တော် ငယ်ငယ်က သင်ခဲ့ရတဲ့ မြန်မာ့သမိုင်းဟာ ၁၉၆၂ မှာ ရပ်သွားပါတယ်။ ကျွန်တော်တို့ အခု ၂၀၀၇ ရောက်နေပါပြီ။ ၁၉၆၂ကနေ ၂၀၀၇အကြားမှာ ကျွန်တော်တို့ သမိုင်းတွေ မျက်လည့်ဆန်ဆန် အဖျောက်ခံထားလိုက်ရပါတယ်။
ကမ္ဘာသမိုင်းကို ကြည့်မယ်ဆိုရင်လည်း ဆိုရှယ်လစ်စနစ်ကောင်းကြောင်း၊ သမ၀ါယမစနစ်တွေကောင်းကြောင်း နားမဆံ့အောင် လောင်းထည့်ခဲ့ကြပါတယ်။ ဘာလင်တံတိုင်းနဲ့ အတူ ဆိုရှယ်လစ်စနစ်တွေ ပြိုကျခဲ့ပါပြီ။ ဘယ်မလဲ ဒီမိုကနေစီရဲ့ အနှစ်သာရ။ ဘယ်မလဲ အီရန်နဲ့ မြောက်ကိုရီးယားရဲ့ နူကလီးယားအန္တရာယ်တွေ။ ဘယ်မလဲ ကုလသမဂ္ဂရဲ့အတွင်းရေးမှူးချုပ်ဖြစ်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံသား ဦးသန့်အကြောင်း။
ထပ်ပြောနေရင် ရှည်နေပါဦးမယ်။ တကယ်တော့ လက်ရှိပညာရေးက ခပ်ကြမ်းကြမ်းဝေဖန်ရမယ်ဆိုရင် အဟောင်းအမြင်းတွေကို အချိန်ကုန်ခံ သင်ပေးနေတာ သက်သက်ပါပဲ။ အဲဒီလို ပညာရေးကနေ စံချိန်မမီတဲ့ ခင်ဗျားတို့ ကျွန်တော်တို့တတွေကို မွေးထုတ်ပေးခဲ့တယ်။ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေကို အဲဒီစံချိန်မမီတဲ့ ပညာရေးရဲ့ သားကောင်တွေ မဖြစ်စေချင်ဘူးဆိုရင် ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရပါမယ်။
ဒုတိယ ဆွေးနွေးချင်တဲ့အချက်ကတော့ နိုင်ငံရပ်ခြားမှာရောက်နေတဲ့ မြန်မာ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို မိမိနေရပ်သို့ ပြန်လာစေရန် အခွင့်အလမ်းများ ဖန်တီးပေးဖို့ဖြစ်ပါတယ်။ မြန်မာတွေညံ့လို့ မြန်မာပြည်ဆင်းရဲနေတာ မဟုတ်ဘူး။ ညံ့ဖျင်းဆိုးရွားတဲ့ စနစ်ဆိုးကြောင့် တိုင်းပြည်ဆင်းရဲနေတာပါ။ အဲဒီ စနစ်ဆိုးတွေကြောင့်ပဲ မြန်မာ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ပြည်ပကို ထွက်သွားကြပါတယ်။ ကျွန်တော်တို့ အဲဒီ စနစ်ဆိုးတွေကို မောင်းထုတ်ပစ်နိုင်တဲ့ တစ်နေ့မှာ ပြန်လာမယ့် တိုင်းပြည်ကောင်းကျိုးကို လိုလားတဲ့ မြန်မာ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို လက်ကမ်းကြိုရမှာပါ။ ၁၀% ၀င်ငွေခွန်တွေ ကောက်ခံနေမှုကို ကင်းလွတ်ခွင့်ပေးပြီး အဲဒီဝင်ငွေခွန်တွေအစား သူတို့တတွေရဲ့ အတွေ့အကြုံတွေ အရည်အချင်းတွေနဲ့ တိုင်းပြည်အတွက် လိုအပ်တဲ့နေရာတွေမှာ အစားထိုးပေးဖို့ အကူအညီ တောင်းခံသင့်ပါတယ်။ နိုင်ငံခြားသားခံယူသွားတဲ့ မြန်မာ အသိပညာရှင်၊ အတတ်ပညာရှင်တွေကိုလည်း နိုင်ငံသားနှစ်ခုလွတ်လပ်စွာခံယူခွင့်ပြုပါမယ်။ တိုင်းပြည်အတွက် အမှန်တကယ် အရည်အချင်းရှိသူတွေ အတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်ရပါမယ်။
ကျွန်တော် နည်းနည်း အတွေးဆန့် ကြည့်တာပါ။ သဘောတူသူများရှိနိုင်သလို သဘောထားကွဲလွဲသူများလည်းရှိကောင်းရှိနိုင်ပါတယ်။ ဆွေးနွေးပြီးသူများရော မဆွေးနွေးရသေးသူများပါ ဆက်လက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
Oh! my god...truely impressed by the topic and the organizer's intention....
Stumbled upon "Than Lwin Ain Mat" and then this blog. The web site and the blog do stand out among the many made-by-myanmar web masters and bloggers including mine. So in turn, it attracts many quality readers and commentators.
I admire the web masters of TLAM and their IQ & EQ and as well as those of its readers.
First of all, Languages both English and Myanmar draw my attention. Wow! need and tidy. Secondly and particularly in this discussion, I dare say all are in-depth knowlegeable and know the subjects they are talking about well...(the posts that put up so far)...
A ha!..it make me wonder if I have the ability to take part in such a serious discussion..really...
But I am glad and proud of my fellow people and kudos to you guys...
And....to tell you my options and thoughts... along with progression in my career and knowledge, I always bookmark it like "ummm...How I wish I could apply this.... and that... in my country.." and the sorts like " If only given a chance how I could apply it in my country and we myanmar sure proper"..sincerely...but ( some would say no but..) till now..we are forced to be bystanders in nation-building.
We are not required in any rank and it is obvious. So dear comrades, let me fill up my hungered stomach and soul to be ready till the calling come...
I wouldn't say much now but when time is right for us to go home to contribute...I may not be the first but neither the last...
Guys... I would love to read more intelligent posts ..so please..
အထက်မှာဆွေးနွေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ စိတ်ကူးကောင်းကောင်းလေးတွေနဲ့ ဖြူစင်တဲ့ အတွေးလေးတွေပါ။ တိုင်းပြည်ကိုချစ်တဲ့ လူငယ်တွေ၊ ပြည်သူတွေတိုင်းဟာ ချစ်သောမြန်မာပြည် ပျက်စီးနေတာကို မြင်နိုင်ရက်ကြတာမဟုတ်ပါ။ အဘက်ဘက်က ယိုယွင်းပျက်စီးနေတာတွေကို တတ်နိုင်သလောက် ပြုပြင်ချင်ကြတာပါပဲ။ ဒါကြောင့်ဆွေးနွေးချက်တွေ ရှုထောင့်အမျိုးမျိုးကဖြစ်နေပေမယ့် တူညီသောခံစားချက်တွေနဲ့ပါ။ အပြုသဘောဆောင်တဲ့ ခေါင်းစဉ်လေးလဲဖြစ်ပါတယ်။
ကိုချစ်ဝင်းတင်ပြထားတဲ့ စီမံကိန်းဆွဲရေးဟာ အရမ်းကောင်းပါတယ်။ တကယ့်ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေအလုပ်လုပ်ဖို့လိုပါတယ်။ အခုလက်ရှိလည်း စီမံကိန်းတွေရှိပါတယ်။ ဒါပေမယ့် စီမံကိန်းအဆင့်ကမတက်တဲ့ အထက်ကိုတင်ပြရာမှပဲအောင်မြင်တဲ့ စီမံကိန်းမျိုးကများပါတယ်။ဒါဟာ တကယ်အလုပ်မလုပ်လို့ပါ။ နိုင်ငံရေးဦးတည်ချက်၊ လူမှုရေးဦးတည်ချက်၊ စီးပွားရေးဦးတည်ချက် စတဲ့ ဦးတည်ချက် ၁၂ ချက်ကို တစ်ချက်ချင်း အသေအချာဖတ်ကြည့်ပါ။ အလွန်အဖိုးတန်ပြီး အဓိပ္ပါယ်ရှိပါတယ်။
ဒါပေမယ့် အပြောနောက်က အလုပ်မပါတော့ လူတကာ ကျော်ဖတ်တဲ့ စာမျက်နှာဘ၀ကို ရောက်သွားရရှာပါတယ်။ မြန်မာနိုင်ငံဟာ အပြောပဲရှိပြီး အလုပ်မလုပ်သူ(လုပ်ဟန်ဆောင်သူ)တွေ လက်ထဲကို ဗိုလ်ချူပ်ကျဆုံးပြီးအချိန်ကတည်းက ကျရောက်ခဲ့တာ ကြောင့် အခုလိုအခြေအနေနဲ့ရင်ဆိုင်ရပါတယ်။ဒါကြောင့် အဓိကကျတဲ့ ]အလုပ်လုပ်ခြင်း}ကို ကျွန်တော်တို့ကျင့်သုံးရပါမယ်။ နောက်မျိုးဆက်တွေလည်း ကျင့်သုံးနိုင်ဖို့ ပြုစုပျိုထောင်ပေးရပါမယ်။
လုပ်ခွင့်တွေသာရမယ်ဆိုရင် လုပ်ချင်တာတွေ လုပ်ရမှတွေအများကြီးပါ။ အဲဒီထဲက (ကျွန်တော်အထင်ပေါ့လေ) အဓိကအရေးကြီးဆုံးနှစ်ချက်ကို တင်ပြပါရစေ။
၁။ အတန်းပညာရေး နှင့် အသိပညာရေး
ညီညီရဲ့ အဆိုက ပညာရေးပြုပြင်ဖို့ပါ။ ဒါဟာအဓိက အရေးပါတဲ့ အချက်ပါ။ ကျောင်းပညာရေးကို ပြုပြင်ဖို့အပြင် အသိပညာရှိရေးကိုပါပြုပြင်ဖို့ လိုပါတယ်။ ကျောင်းပညာရေးရဲ့ အဆင့်အတန်းကတော့ တစစနဲ့ ထိုးကျနေပါတယ်။ ဘုန်းကြီးကျောင်းပညာရေးဆိုပြီး ကျောင်းမတတ်နိုင်တဲ့ မိသားစုမှ ကလေးတွေကို ပညာသင်ကြားအထောက်အပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေပေါ်လာတာကို ကြည့်ရင်းနဲ့ သိသာပါတယ်။ ပဒေသရာဇ်ခေတ် မြန်မာတနိုင်ငံလုံး အင်္ဂလိပ်အောက်မကျခင်က ဘုန်းကြီးကျောင်းပညာရေးစနစ်နဲ့ အခုဘုန်းကြီးကျောင်းပညာရေးစနစ်က မတူပါဘူး။ ထိုခေတ်က ဘုန်းကြီးကျောင်းထွက်များဟာ ရင်ကော့ပြီးလျှောက်ဝံ့ပေမယ့် အခုခေတ်ကလေးများမှာတော့ မျက်နှာအောက်ချထားရတဲ့အဖြစ်ပါ။ တက္ကသိုလ်ပညာရေးစနစ်ရဲ့ အဆင့်အတန်းဟာလည်း ထိုးကျနေတာပါ။ အရှေ့တောင်အာရှမှာ ကျော်ကြားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်နဲ့ RIT ဟာ အခုတော့ ပုံပြင်ဖြစ်နေပါပြီ။
အသိပညာအတွက်ကတော့ စာကြည့်တိုက်တွေတည်ဆောက်ပြီး သုတ၊ ရသစာအုပ်စာတမ်းတွေထားပေးဖို့ပါ။ (ဟန်ဆောင်ပြဖို့ သတင်းစာလေးနဲ့ ဂျာနယ်လေးတစ်စောင်နှစ်စောင် မသုံးရတဲ့ကွန်ပျူတာလေးပဲထားတဲ့ စာဖတ်အသင်းမျိုးမဟုတ်ပါ။) အဲ နောက်တစ်ခုက စာပေလွတ်လပ်ခွင့် ပါ။ စာရေးသူက ဦးနှောက်အရင်းပြုပြီး ရေးထုတ်လိုက်တဲ့စာကို တည်းဖြတ်ရာမှာ သူပြောချင်တဲ့ အဓိပ္ပါယ်၊ ရည်ရွယ်ချက်မပျောက်အောင်၊ မပြောင်းအောင်ပဲတည်းဖြတ်တဲ့ တည်းဖြတ်မှုမျိုးရှိသင့်ပါတယ်။ စာဖတ်တဲ့သူများက ကောင်းသည်၊ မကောင်းသည်၊ တော်၏၊ မတော်၏၊ ဆိုတာ သူတို့ကိုယ်ပိုင် ဦးနှောက်သုံးပြီးဆုံးဖြတ်ပါစေ။ ဒါမှ တကယ့်ပညာခေတ်ဖြစ်မှာပါ။
၂။ ကျန်းမာရေး
အင်တာနက်တနေရာမှာ မြန်မာပြည်ရဲ့ HIV တိုးပွားနှုန်းက ၁၀၀မှာ ၂ယောက်ဖြစ်နေပြီတဲ့။ စဉ်းစားကြည့်ပါ။ လူဦးရေသန်း၅၀မှာ ၁သိန်းရှိနေပါတယ်။ အဲဒါကို တိကျအောင် လုပ်ယူရပါမယ်။ ပွင့်လင်းဖို့လိုပါတယ်။ ပြည့်တန်ဆာလုပ်ငန်း နဲ့ နာမည်ကျော်တဲ့အိမ်နီးချင်းထိုင်းနိုင်ငံမှာတောင် ရာခိုင်နှုန်းအဲလောက်မရှိပါဘူး။
မြန်မာပြည်ရဲ့ အဓိက HIV ကူးစက်ပြန့်ပွားစေခြင်းနှစ်ချက်ရှိပါတယ်။ နံပါတ်ဖိုးထိုးခြင်းနဲ့ ပြည့်တန်ဆာလုပ်ငန်းပါ။ နှစ်ခုလုံးဟာ မြန်မာပြည်မှာ တရားဝင်အသုံးပြုခွင့်မရှိပါဘူး။ ဒါပေမယ့် HIV တိုးပွားနှုန်းကို ကြည့်လိုက်ရင် တရားဝင်မ၀င်ဆိုတာ စာအုပ်ထဲမှာလားလို့ပဲမေးရမလိုဖြစ်နေပါတယ်။
ပြည့်တန်ဆာတွေအတွက် တရားဝင်နေရာထားပေးသင့်ပါတယ်။ တရားဝင်နေရာ ထားတဲ့အတွက် ပြန့်ကျဲမနေဘဲ သူတို့ကို ၃လတကြိမ် ၆လတကြိမ် ဆေးစစ်ယူဖို့လွယ်ကူပါလိမ့်မယ်။ လူတိုင်းကိုလည်း ကာကွယ်သင့်တာကို ကာကွယ်တတ်အောင် ကျန်းမာရေးအသိပေးရပါမယ်။ မူးယစ်ဆေးကိုလည်း တင်းကြပ်တဲ့စည်းကမ်းနဲ့ ထိန်းချူပ်သင့်ပါတယ်။ တစ်နှစ်တစ်နှစ် မူးယစ်ဆေး မီးရှို့ပြပွဲဟာ တမင်လုပ်နေတာလားလို့
ကျွန်တော်တွေးမိပါတယ်။ နှစ်တိုင်းလည်းမကုန်နိုင်တဲ့အတွက် ရီလည်းရီချင်ပါတယ်။ တရားဥပဒေကို ရှုံ့ချည် နှပ်ချည် ကစားလို့ရနေတဲ့ ကာလပတ်လုံးတော့ ဒါတွေဟာ မဖြေရှင်းနိုင်ပါဘူး။
ဒါက HIV နဲ့ပက်သတ်လို့ပြောတာပါ။ အခြားကျန်းမာရေးအတွက် လိုအပ်တာတွေရှိပါတယ်။ ဆေးရုံမှာ ဆေး၊ သွေး ၊ အသုံးအဆောင်ပစ္စည်းတွေ မရှိတာဟာ မဖြစ်သင့်တာတွေပါ။ တကယ်တော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးဟာ ဆက်စပ်နေတာပါ။ စီးပွားရေးအဆင်မပြေတော့ ကျောင်းမတက်နိုင်၊ ကျောင်းမတက်နိုင်တော ပညာမတတ်၊ ပညာမတတ်တော့ အလုပ်အကိုင်မရှိ၊ အလုပ်အကိုင်မရှိတော့ ငွေလွယ်လွယ်ရမယ့် ပြည့်တန်ဆာ အလုပ်လုပ် .. နောက်တော့ ရောဂါရ။ ဂျာအေးကိုသူအမေရိုက်ပါတော့တယ်။
နောက်မှ ဆက်လက်ဆွေးနွေးတင်ပြချင်ပါတယ်။
အင်မတန်ကောင်းတဲ့ခေါင်းစဉ်တခုပါ၊ သံလွင်အိပ်မက်ကိုဦးစွာကျေးဇူးတင်ပါတယ်။
မြန်မာပြည်အတွက်..
(၁)ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုတဲ့ ခပ်ညံ့ညံ့ဆောင်ပုဒ်ကို အရင်ဖယ်ရှားချင်တယ်။
(၂)ပြည်ပရောက် အတတ်ပညာရှင်တွေကို မြန်မာပြည်ပြန်ပြီး ရင်းနှီးမြှပ်နှံချင်စိတ်ရှိအောင် ကြံဆချင်တယ်။ (အခွန်ကင်းလွတ်စေတာ နည်းတခုဖြစ်သလို၊ ပြည်ပက မြန်မာနိုင်ငံသား မျိုးဆက်တွေကို ပြန်ခေါ်ပြီး အစိုးရဌာန၊ ပုဂ္ဂလိက ကုမ္မဏီ စတာတွေမှာ intership ဝင်ခိုင်းစေတာလည်း နည်းလမ်းတခုပါ)
(၃)တချိန်ထဲမှာ မြန်မာပြည်တွင်းမှာရှိတဲ့ လူငယ်တွေနဲ့ မျိုးဆက်သစ်တွေကို ပြည်တွင်းပြည်ပ ပညာရှင်တွေ စုပေါင်းပြီး ပြုစု ပျိုးထောင် ပေးစေချင်တယ်။ (ဒါကို ကိုညီညီနဲ့အရူးကြီးတို့ ဆွေးနွေးထားတာ အရမ်းကောင်းပါတယ်)
(၄)နံပါတ် ၁ ကိုပြန်သွားပါ။
စာလုံးပေါင်းမှားသွားတယ်..internship ကိုဆိုလိုတာပါ။ အဲဒီလိုလုပ်ဖို့အတွက် မက်လုံးလေးတွေတော့ ရှာကြံပေးနိုင်မှ။ တိုင်းပြည်ချစ်တဲ့စိတ် တခုတည်း အားကိုးနေရင် ပြည်ပရောက် မြန်မာတွေ၊ အထူးသဖြင့် စီးပွားရေး သမားတွေကို လက်ယပ်ခေါ်ဖို့ ခဲယဉ်းလိမ့်မယ်။ အခုတော့ ဘယ်လိုတွေဖြစ်နေလဲမသိဘူး၊ ကျနော်ကြားဖူး နားဝရှိသလောက် ပြည်ပကနေ မြန်မာပြည်ပြန်ပြီး ရင်းနှီးမြှပ်နှံတဲ့ (အောင်မြင်တဲ့) မြန်မာကုမ္မဏီဆိုလို့ Services International တခုပဲရှိတယ်၊ အခုများလာသလား၊ နည်းသွားသလား မသိတော့ဘူး။
ရေးသာရေးနေရတယ်၊ ခုလေးတင် နေပြည်တော်ကို နိုင်ငံခြားသား ပေးမဝင်ဘူး ဆိုတဲ့ သတင်းဖတ်မိတော့ ကိုယ်အတွေးတွေကို ရီစရာလို့ထင်မိသား..
တံခါးကြီး ပွင့်မသွားသ၍ အားလုံး လေထဲတိုက်အိမ်ဆောက် နေတာပဲ။ ဆိုတော့.. ကျနော့် နံပါတ် ၁ ကိုပြန်ပြင်ကြည့်မယ်..
(၁)နေပြည်တော် ပတ်ပတ်လည်ကို အုတ်တံတိုင်း အထူအထဲ ကာယံပြီး အကျဉ်းထောင်အဖြစ် ပြောင်းလဲချင်ပါတယ်၊ အထဲကလူတွေ အပြင်ထုတ်စရာမလိုပါဘူး။
(၂)နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပြီး သူတို့ အဖမ်းဆီးခံရဘူးတဲ့ နေရာအားလုံးကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အခကြေးငွေယူပြီး ဝင်ရောက် ကြည့်ရှုနိုင်အောင် ဖန်တီးပေးလိုပါတယ်။ မှန်တယ်၊ နိုင်ငံခြားသားတွေကို ဒေါ်လာနဲ့ကောက်မှာပေါ့။
ကျနော့်အထင် နံပါတ် ၁ လုပ်ပြီးတာနဲ့ မြန်မာပြည် ပြန်လည်ထူထောင်ရေး ရာခိုင်နှုန်း ၅၀ အောင်မြင်သွားပါပြီ၊ ကျန်တဲ့ ရာနှုန်း ၅၀ ကတော့ ခေါင်းဆောင် အသစ်ရယ် ပြည်သူတွေရယ် ပူးပေါင်းဆောင်ရွက်မှု ပေါ်မှာမူတည်ပါတယ်။ အပြောင်းအလဲ ရှိခဲ့ရင် ဘယ်သူက ခေါင်းဆောင်ဖြစ်လာမလဲ ထစ်ချမပြောတတ်ပါ (ပြည်သူတွေတင်သလား၊ တရုတ်တင်သလား၊ အမေရိကန် တင်သလား ဘယ်သူမှ ကြိုပြောလို့မရဘူး)၊ အကယ်၍များ ခေါင်းဆောင်အသစ် ညံ့ခဲ့ရင်တော့ ထုံးစံအတိုင်း နေပြည်တော်ပို့ပေါ့၊ လွယ်လွယ်လေးပဲ။
ဆွေးနွေးတဲ့အချက်တွေအရမ်းကောင်းပါတယ်။ ဘယ်လိုစိတ်ကူးလေးကနေပြီး ဒီခေါင်းစဉ်လေး ရလာတာကို ရှင်းပြပေးနိုင်မလားကိုသံလွင်တို့ရေ။ ကျေးဇူးတင်ပါတယ်။
အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံအရပ်ရပ်ကိုရောက်နေကြရတဲ့ မြန်မာတွေ(အထူးသဖြင့် လူငယ်တွေ)မှာ သူတို့ရဲ့ နိုင်ငံတကာကရလာတဲ့ အတွေ့အကြုံတွေနဲ့ အညီ နိုင်ငံနဲ့ လူမျိုးအတွက် တစ်စုံတစ်ခုသော ဒါမှမဟုတ် များစွာသော အကြံကောင်းညဏ်ကောင်းတွေရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်မိပါတယ်။ နောက်ပြီး ... ဒါတွေဟာ ကျွန်တော်တို့ ရဲ့ နိုင်ငံနဲ့ လူမျိုးအတွက် အဖိုးမဖျက်နိုင်လောက်အောင် တန်ဖိုးရှိတယ်လို့လဲ ကျွန်တော်တို့ ယူဆပါတယ်။ ဒါကြောင့် သူတို့ရဲ့ အတွေးအခေါ်တွေ၊ အမြင်တွေ၊ idea တွေကို ကျွန်တော်တို့လည်း သိချင် ၊ သိသင့်သိထိုက်သူတွေကိုလည်း သိစေချင်တာကြောင့် အခုလို ဒီခေါင်းစဉ်လေးကိုရွေးချယ်ဖြစ်ခဲ့ကြတာပါ။ ဒီဆွေးနွေးချက်တွေဟာ အခုအချိန်မှာ စကားလုံးအဖြစ်ထက်ပိုလာဖို့ သိပ်မျှော်လင့်လို့မရပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်တော့ အသုံးဝင်လာလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်မိပါတယ်။
How would you help your people and nation if you were given a chance to do so?"
“If you were given a chance…”…that mean our future is in our own hands and for the better Myanmar…
Hence I presume all political, social securities are stable to a certain extent and we are to do our might for the nation and the people….
But beforehand, let me say I am neither a politician nor associate- in- kind of any organization. Just a plain Joe, speaking out as an individual what and how I feel that might help to rebuild once-upon-a-time-mighty Burma.
First thing first, we have to get the right people to do the right jobs without any sense of discrimination or so called equal-opportunity for the governing offices. Regardless of Race, Religion, Gender, Age and shall only be merit- based in governing organization.
Of course there are only so much we can do at one go. To reinstate the economy first, to get the constitutions right firs or to tackle corruption, to re-establish the Education and health-care mechanism first or perhaps infrastructure, we really need the right people to do the right jobs concurrently. Hence we need to prioritize and I am certain we have plenty of able and capable human resources.
It’s always sadden me to see how our neighbours are far richer and getting far ahead in every aspects despite having less oil and gas deposits, human capitals and natural resources. There is always no answer though we know the answer to the plain question “why?.. And Asia is the most happening in the world business arena and our neighbours are giving no chance to miss the opportunities.
Ok..say I am the man to take charge of rebuilding the nation.
FDI… FDI….welcome…FDI is Foreign Direct Investments (some readers may not know). Why the school teachers are not interested in teaching in their institutions but private tuition? Why traffic polices would let you drive recklessly and later let you go for a tea-money? I don’t think you need an answer from me. Simply there are many hungered ones waiting for them. To stop this, can we be just simply topping the civil servant’s wages up? We need to deal with it from the bottom up. Economy, inflation, deflation and hence the economists are needed. We need to create jobs for many educated youths. What industry do we have so far to employ all able tea lovers while our counterparts are crying for able and talented youth. So worrying that the governments are implementing many initiatives to ncourage young people to get married and concieve to counter greying workforce. We have plenty of them and we have to put them into good use.
With the help of ADB, World Bank and UN , we need to get external consultants to establish outdated practices in every aspect, to draw the specification and scopes of the Ministries and Inter-ministries departments.
We have 50 millions odd population and so to say reasonably attractive domestic consumers. Why China is so unwilling to forgo the relationship with the country that has a population less than a fraction of its own. There may be other strategic reasons but the obvious reason is a market of 50 million consumers. It keeps its land-locked province thriving with the whole Myanmar is absorbing all stuffs its factories churning out. Likewise Thailand and India, why we are so important to them? My point here is we have no less interested investors. With a proper rules and regulation with less red tape in place and throw in attractive tax breaks and incentives, no reason for them not to want to come in. Whenever I read in the papers that China Central Bank is loaded with US $ reserves in trillions I always felt that some of them should have been landed in Myanmar Central Bank if only we are more active than the present..
No denying fact that we are closed to China. So let’s look at them. China Political System itself sounds even more complex than ours. They are dealing with corruption. But hey take a closer look. People are getting more prosperous. And with so much money, its government is trying to rectify the system. Can’t we learn and apply them? We could even be better as we could analyze their mistake and avoid pitfalls before applying them. We would send the delegates to US, Japan, China, Singapore and all other country to get our future leaders exposures. Or there are many Myanmar Talents working abroad, I would bring them back with benefits-in-kind if they bring back their wealth and knowledge.
Well, as an average layman I think these facts are very fundamental and basics. So forget about the like of“this is impossible” ,“that is not achievable”. Let’s look at things positively and prepare for the one fine day….
We are given a chance…It’s in our hand… no one else… you are new breed.. we are the new breed of the cabinets and the people and the nation are in your hand… you are a new prime minister..what will you do? Forget about current situation and the past. Look forwards and take it as you are giving a raw land and develop it. Mould it as the way you like…
ပညာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်စဉ်းစားမိတာလေးတစ်ခုရှိပါတယ်။
အဲဒါကတော့ အခုလက်ရှိမှာ လမ်းမှာပခုံးခြင်းတိုက်မိလို့ မကြည့်လိုက်နဲ့ အဲဒါကျူရှင်ဆရာပဲဆိုတာမျိုးဖြစ်နေတဲ့ ဆရာတွေပေါနေခြင်းကိစ္စပါ။
ပတ်ဝန်းကျင်မှာဆိုရင်လည်း ဘာဘွဲ့လက်မှတ်မှမရှိပဲ ကျူရှင်ဆရာလုပ်နေသူတွေ၊ ဆိုက်ကိုနဲ့ ကျောင်းပြီးပြီး သင်္ချာသင်နေသူတွေ စတာတွေကိုအများကြီးတွေ့နေရပါတယ်။ ဒါတွေကို တွေ့ပါများတော့ ငါမှာသာလုပ်ပိုင်ခွင့်ရှိမယ်ဆိုရင် ဘယ်လိုလုပ်မလဲလို့ ကျွန်တော်စဉ်းစားကြည့်ခဲ့ဖူးပါတယ်။
ဥပမာအနေနဲ့ ရန်ကုန်မြို့အတွင်းမှာ ကြုံရာလူ တက်သင်နေတာမျိုးမဟုတ်ပဲ အမှန်တကယ်အရည်အချင်းရှိတဲ့ အင်္ဂလိပ်စာသင်မယ့်ဆရာတွေကို ကျွန်တော့်စိတ်ကူးနဲ့ စိစစ်ကြည့်ပါမယ်။
၁။ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံအတွင်းကရော၊ နိုင်ငံတကာကရော တကယ့်ပညာရှင်တွေနဲ့ တိုင်ပင်၊ နိုင်ငံတစ်ကာကနာမည်ကြီးကျောင်းတွေရဲ့ သင်ရိုးညွန်းတမ်းတွေကိုအတုယူပြီး ဆရာလုပ်ချင်သူတွေကို စစ်ဆေးဖို့ နိုင်ငံတစ်ကာအဆင့်မီမေးခွန်းတစ်စုံကို ထုတ်ပါမယ်။ ပြီးရင် အင်္ဂလိပ်စာသင်ချင်သူမှန်သမျှကို ဖြေခိုင်းပါမယ်။ ဒီစာမေးပွဲဟာ မေးခွန်းမပေါက်ဖို့နဲ့ မှန်မှန်ကန်ကန်ဖြစ်ဖို့တော့ အရေးကြီးပါတယ်။ (ဒီနေရာမှာ သင်ချင်သူမှန်သမျှဖြေခွင့်ရှိတယ်လို့ ဘာကြောင့်ပြောသလဲဆိုရင် အင်္ဂလိပ်စာနဲ့ ကျောင်းပြီးထားတာမဟုတ်ပေမယ့် ကိုယ့်ရဲ့လေ့လာအားကြောင့် အင်္ဂလိပ်စာနဲ့ ကျောင်းပြီးထားသူတွေထက်သာ တဲ့ သူတွေရှိနေနိုင်လို့ပါ။)
စတာတွေကိုအများကြီးတွေ့နေရပါတယ်။ ဒါတွေကို တွေ့ပါများတော့ ငါမှာသာလုပ်ပိုင်ခွင့်ရှိမယ်ဆိုရင် ဘယ်လိုလုပ်မလဲလို့ ကျွန်တော်စဉ်းစားကြည့်ခဲ့ဖူးပါတယ်။
ဥပမာအနေနဲ့ ရန်ကုန်မြို့အတွင်းမှာ ကြုံရာလူ တက်သင်နေတာမျိုးမဟုတ်ပဲ အမှန်တကယ်အရည်အချင်းရှိတဲ့ အင်္ဂလိပ်စာသင်မယ့်ဆရာတွေကို ကျွန်တော့်စိတ်ကူးနဲ့ စိစစ်ကြည့်ပါမယ်။
၁။ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံအတွင်းကရော၊ နိုင်ငံတကာကရော တကယ့်ပညာရှင်တွေနဲ့ တိုင်ပင်၊ နိုင်ငံတစ်ကာကနာမည်ကြီးကျောင်းတွေရဲ့ သင်ရိုးညွန်းတမ်းတွေကိုအတုယူပြီး ဆရာလုပ်ချင်သူတွေကို စစ်ဆေးဖို့ နိုင်ငံတစ်ကာအဆင့်မီမေးခွန်းတစ်စုံကို ထုတ်ပါမယ်။ ပြီးရင် အင်္ဂလိပ်စာသင်ချင်သူမှန်သမျှကို ဖြေခိုင်းပါမယ်။ ဒီစာမေးပွဲဟာ မေးခွန်းမပေါက်ဖို့နဲ့ မှန်မှန်ကန်ကန်ဖြစ်ဖို့တော့ အရေးကြီးပါတယ်။ (ဒီနေရာမှာ
၂။ ဒုတိယအနေနဲ့ စာမေးပွဲဖြေပြီးပြီဆိုရင် ကိုယ်သတ်မှတ်ထားတဲ့ ပမာဏအတိုင်း (ရန်ကုန်မြို့တစ်မြို့အတွက် အင်္ဂလိပ်စာဆရာ အယောက် ၅၀၀၀ လိုအပ်တယ်ဆိုပါစို့) ဖြေသူတွေအားလုံးထဲက အကောင်းဆုံးဖြေနိုင်သူ အယောက် ၅၀၀၀ကို စိတ်ကြိုက်ရွေးထုတ်ပြီး အင်္ဂလိပ်စာသင်ကြားခွင့်လိုင်စင်ထုတ်ပေးလိုက်ပါမယ်။ ကျူရှင်သင်ကြားခွင့်လိုင်စင်မရှိပဲသင်ရင် အရေးယူမယ်။
ဒီနည်းနဲ့ ကြုံရာလူစာတတ်သင်နေတဲ့ပြဿနာကို ဖြေရှင်းနိုင်ပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လည်း ရှောင်ရှားနိုင်လိမ့်မယ်ထင်ပါတယ်။ ဒီနေရာမှာ မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေဆိုတာနဲ့ ပတ်သက်ပြီး အဆင်ပြေရင်ထပ်ဆွေးနွေးပါဦးမယ်။
ဒါဟာ အခုလောလောဆယ် ကျူရှင်ဆရာတွေများနေတဲ့ကိစ္စကို လက်တလောစိစစ်လိုက်တာပါ။ နောက်ပိုင်းတွေမှာတော့ ကိုယ်အထူးပြုတတ်ရောက်ထားတဲ့မေဂျာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ဘာသာရပ်ကိုသာ သင်ကြားစေလို့ရပါတယ်။ ဒီနေရာမှာ တက္ကသိုလ်တွေရဲ့အခန်းကဏ္ဍက အရမ်းကိုအရေးပါလာပါတယ်။ အင်္ဂလိပ်စာမေဂျာကနေကျောင်းပြီးထားတဲ့ သူတစ်ယောက်ဟာ အင်္ဂလိပ်စာနဲ့ပတ်သတ်လာရင် အခြားသူတွေထက်သာနေစေဖို့က သူ့ကိုမွေးထုတ်ပေးလိုက်တဲ့ တက္ကသိုလ်မှာတာဝန်ရှိပါတယ်။ တက္ကသိုလ်တွေအနေနဲ့ အဲဒီလိုတာဝန်ယူနိုင်ပြီဆိုရင် အင်္ဂလိပ်စာသင်သူတွေအားလုံး အင်္ဂလိပ်စာမေဂျာနဲ့ ကျောင်းပြီးထားသူတွေဖြစ်ရမယ်လို့ ကျွန်တော်တို့ရဲရဲဝံ့ဝံ့အမိန့်ထုတ်လို့ရနိုင်လိမ့်မယ်လို့ယူဆပါတယ်။
ကျွန်တော့်ရဲ့အမြင်နဲ့ပတ်သက်ပြီး အခြားသူတွေအနေနဲ့ရောဘယ်လိုမြင်တယ်ဆိုတာကို ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
လေးစားစွာဖြင့်
နေမျိုး(သံလွင်)
Well!!! Ko Nay Myo if I have to say something about the current Education System and have to rectify it.
I will not bother about the many mismatched private tuition teachers until I get the basic thing right first. I won’t do anything.
Think about it. In fact, we don’t even need a second thought why it is happening so. Whatever we are talking about and whatever we are going to talk about, be it corruption? Is it Education? Lackluster Economy? Anything you find or whatever you find not so right? The answer is no two but one. I will not say what that answer is as it is so very obvious.
So in my humble opinion, I still feel I should keep all these tuition teachers. At the very least they could keep on educating the very less fortunate majorities who have no mean to go abroad to further their knowledge. You know our people are hungered both in education and empty stomach. They may not be as qualified as we wish them to be. They may not be able to deliver as good as the Harvard’s graduates would but at least they keep our hungers youth in class from wandering around. Our youth needs them. We need them before we could get every thing right! We need them in order not to face a total breakdown in Education. Let’s not brood over how dangerous and how they are cashing on or else we could talk endlessly and nothing constructive would happen.
Why Arts graduate teaching Math? Physics Grad’s teaching English or Burmese?
You ask me. You ask any one my predecessors. Anyone you know that do they preach what they believe? Whoever went to medical college is interested in seeing patients or love medicine? Every Engineering Grad is passionate about the technology. Or simply put, does our system allow us to have the luxury of choosing the subject you love? So we produced so much mismatched grads and to think it lightly, a hae! We have to make good use of them and in a way we create jobs and bring down unemployment rate right… And that’s the reason; we are ever beating the more developed nations in terms of unemployment rate….
Your intention of setting up regulatory body to oversee this affair is very ideal and yes it is notable when we got all basic right. Just like what I say, again, in my earlier post we need to external consultants (MUST BE EXTERNAL) who has no interests in any ministries to re-establish all outdated policies and practices.
Lets think simple and within. Think about a family. If my dad is a drunkard and care nothing much to provide for the family what will happen? He spent most of his earnings on himself and living the life to his fullest. Say I am rather very intelligent but he wouldn’t bother whether I am intelligent or I want to go the university. I am needed to work to feed my hungry siblings and my ailing mum after my matriculation exam. With ever increasing basic commodities and living costs, it was never enough how hard I work. I got my history degree through distant learning. And I asked for coffee money in my office and at night working as study guide to juniors.
Tell me what is the morale of the story?
And my dad regrets it and realizes he got to do something. Stop spending lavishly on himself. No more mistress. He sent me to Harvard. I got MBA and become a CEO of an MNC. Now I don’t know what coffee money is and I do teaching part time as a business school mentoring junior business undergraduate…….( my dream)
oops..there is a mistake...please read the last line like this........I do teach part time at a business school mentoring junior business undergraduates...
စာလုံးပေါင်းမှားသွားတယ်..internship ကိုဆိုလိုတာပါ။ အဲဒီလိုလုပ်ဖို့အတွက် မက်လုံးလေးတွေတော့ ရှာကြံပေးနိုင်မှ။ တိုင်းပြည်ချစ်တဲ့စိတ် တခုတည်း အားကိုးနေရင် ပြည်ပရောက် မြန်မာတွေ၊ အထူးသဖြင့် စီးပွားရေး သမားတွေကို လက်ယပ်ခေါ်ဖို့ ခဲယဉ်းလိမ့်မယ်။ အခုတော့ ဘယ်လိုတွေဖြစ်နေလဲမသိဘူး၊ ကျနော်ကြားဖူး နားဝရှိသလောက် ပြည်ပကနေ မြန်မာပြည်ပြန်ပြီး ရင်းနှီးမြှပ်နှံတဲ့ (အောင်မြင်တဲ့) မြန်မာကုမ္မဏီဆိုလို့ Services International တခုပဲရှိတယ်၊ အခုများလာသလား၊ နည်းသွားသလား မသိတော့ဘူး။
ရေးသာရေးနေရတယ်၊ ခုလေးတင် နေပြည်တော်ကို နိုင်ငံခြားသား ပေးမဝင်ဘူး ဆိုတဲ့ သတင်းဖတ်မိတော့ ကိုယ်အတွေးတွေကို ရီစရာလို့ထင်မိသား..
တံခါးကြီး ပွင့်မသွားသ၍ အားလုံး လေထဲတိုက်အိမ်ဆောက် နေတာပဲ။ ဆိုတော့.. ကျနော့် နံပါတ် ၁ ကိုပြန်ပြင်ကြည့်မယ်..
(၁)နေပြည်တော် ပတ်ပတ်လည်ကို အုတ်တံတိုင်း အထူအထဲ ကာယံပြီး အကျဉ်းထောင်အဖြစ် ပြောင်းလဲချင်ပါတယ်၊ အထဲကလူတွေ အပြင်ထုတ်စရာမလိုပါဘူး။
(၂)နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပြီး သူတို့ အဖမ်းဆီးခံရဘူးတဲ့ နေရာအားလုံးကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အခကြေးငွေယူပြီး ဝင်ရောက် ကြည့်ရှုနိုင်အောင် ဖန်တီးပေးလိုပါတယ်။ မှန်တယ်၊ နိုင်ငံခြားသားတွေကို ဒေါ်လာနဲ့ကောက်မှာပေါ့။
ကျနော့်အထင် နံပါတ် ၁ လုပ်ပြီးတာနဲ့ မြန်မာပြည် ပြန်လည်ထူထောင်ရေး ရာခိုင်နှုန်း ၅၀ အောင်မြင်သွားပါပြီ၊ ကျန်တဲ့ ရာနှုန်း ၅၀ ကတော့ ခေါင်းဆောင် အသစ်ရယ် ပြည်သူတွေရယ် ပူးပေါင်းဆောင်ရွက်မှု ပေါ်မှာမူတည်ပါတယ်။ အပြောင်းအလဲ ရှိခဲ့ရင် ဘယ်သူက ခေါင်းဆောင်ဖြစ်လာမလဲ ထစ်ချမပြောတတ်ပါ (ပြည်သူတွေတင်သလား၊ တရုတ်တင်သလား၊ အမေရိကန် တင်သလား ဘယ်သူမှ ကြိုပြောလို့မရဘူး)၊ အကယ်၍များ ခေါင်းဆောင်အသစ် ညံ့ခဲ့ရင်တော့ ထုံးစံအတိုင်း နေပြည်တော်ပို့ပေါ့၊ လွယ်လွယ်လေးပဲ။
By TZA
----------------Reply
Very good idea! :P
ဟိုက်.. ကျနော်ဒါရေးတာ အပြုသဘော ဆောင်တာထက် သရော်တဲ့အပိုင်း ပိုများပါတယ်၊ ဆိုလိုတာက တကယ့်လက်တွေ့မှာ လုပ်နိုင်စွမ်းရှိတောင် ငွေကုန်ကြေးကျခံပြီး အုတ်တံတိုင်းတော့ မကာပါဘူး။ ရှုပ်ကုန်မှာစိုးလို့ပါ၊ နောက်ဆိုသရော်တာတွေ မရေးမိအောင် ကြိုးစားပါ့မယ်။
--
ရေးလက်စနဲ့ ဆက်ပြီး လေရှည်လိုက်ပါရစေ..ခေါင်းစဉ်နဲ့သွေဖည်တယ်လို့ယူဆရင် ဒီအောက်ပိုင်းကို ဖျက်လိုက်ဖို့ ဝန်မလေးပါနဲ့ဗျာ။
--
မြန်မာနိုင်ငံသာ ပြည်ပရောက် မြန်မာမျိုးဆက်များနဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု တွေကို လက်တွေ့ကျတဲ့ ဆွဲဆောင်မှုတွေနဲ့ ကြိုဆိုနိုင်ရင် မတိုးတက်စရာ အကြောင်းကို မရှိဘူး၊ မတိုးတက် ချင်လို့ကို မရဘူး။ အလွှာတန်းစား အသီးသီးမှာ ရှိရင်းစွဲလူအရင်းအမြစ်နဲ့ ပြည်ပက အင်သစ်အားသစ်တွေနဲ့ စည်းစည်းလုံးလုံး ဝိုင်းပြီးရုန်းကြရင် အနောက်ဖက်က စီးပွားရေး ပိတ်ဆို့တယ်ထားဦး၊ ဒီလောက် ပထဝီအနေအထားကောင်းပြီး၊ သယံဇာတ ပေါများလှတဲ့ မြန်မာနိုင်ငံ အနည်းဆုံး ဆင်းရဲတွင်းက မကျွတ်ပဲ နေနိုင်ရိုးလား။ လတ်တလောရှိတဲ့ ယန္တရားနဲ့ ဆွဲဆောင်နေပါတယ် ဆိုတာ ရီစရာကောင်းမှကောင်း၊ အကြောင်းရင်းကို အားလုံးအသိပဲ။
ကျနော့အမြင် လက်ရှိမြန်မာ့ ပြသနာဟာ ပြည်ပအင်အားကို မဆွဲဆောင်နိုင်တဲ့အပြင် ပြည်တွင်းက လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်တွေကိုပါ သိသိသာသာကြီး တွန်းထုတ်နေတာရယ် (ယိုလို့မပြီးနိုင်တဲ့ ဦးနှောက်တွေ၊ ဒါကိုရရာအလုပ် မလုပ်ချင်ပဲ ငွေမက်လို့ နိုင်ငံခြားထွက်တာလို့ ပြောသူလည်းရှိပါတယ်)၊ ပြည်တွင်းရော ပြည်ပပါ လက်ရှိ အစိုးရအပေါ် အယုံအကြည်ကင်းမဲ့ နေတာရယ် ဆိုတဲ့ အဓိကအချက်၂ချက်ပါပဲ။
ဒါတွေကို ထည့်မစဉ်းစားမှ ဒီခေါင်းစဉ်အောက်မှာ ဆက်ဆွေးနွေးလို့ ကောင်းမှာပါ၊ သို့မဟုတ် ကျနော့လို ဂျာအေးသူ့အမေရိုက်နေတာနဲ့ ပြီးသွားရော။ ဟိုအချက်၂ချက်ကတော့ ကျနော်တို့ရဲ့ ကွန်ထရိုးလ်ထဲ မရှိဘူး၊ အဲဒီအတွက် ဘာလုပ်နိုင်သလဲ ဆိုရင် ခေါင်းစဉ်အသစ် ဖြစ်သွားနိုင်တယ်ထင်ရဲ့ဗျာ၊ ဒါပေမယ့် ရေရာတဲ့ အဖြေမရှိသော ဆွေးနွေးချက်ပဲ ဖြစ်ပါလိမ့်မယ်။
ကျနော့မှာ ဘာကြီးမားတဲ့ ရည်မှန်းချက်မှ မရှိဘူး၊ သို့သော် လူသားတယောက်ရှိသင့်တဲ့ အိပ်မက် သေးသေးလေးတော့ရှိတယ်၊ မြန်မာပြည်နဲ့ ပတ်သက်တဲ့လူတိုင်း ဒီလိုအိပ်မက်သေးသေးလေးတွေကို မြန်မာပြည်ပြန်ပြီး အကောင်အထည် ဖော်နိုင်ရင်ပဲကျေနပ်စရာကောင်းပြီ၊ အကြီးကြီးလုပ်နိုင်မှ ပြန်လုပ်ရမယ်မဟုတ်ဘူး၊ အခွင့်အရေးပေးတာနဲ့ လုပ်သင့်တယ်။
ဒီမှာဝင်ဆွေးနွေးသူတိုင်းကို ကျေးဇူးတင်ပါတယ်၊ ကျနော့အမြင်ပိုကျယ်သွားစေလို့ပါ။
I am one of GI who studied for many years in abroad. I'd many experiences in many remote area like Kachin & Chin States. It is not the main focus on Gov but for my people how to develop in such a remote area.
When I was in small town in Kachin, the students didn't know computer and I drew picture at that time. I felt so ashame of that and sad.
There is a will, there is a goal and god bless you all.
What is the equality for development for those areas.
what is GI? Can you explain?
I like the topic and I think most of the peoples who are doing in politic havne't plan for that yet. I am always feel sad when I compare my country with others and always thinking about how to change my country as a develope country. I have been some developed country and meet many people from different countries. We have to accept one thing that Burma is really behind in global age. But the burmese peoples are not at behind and they don't have poor IQ. Alright, to change the burma as a develope country, first of all, we need to accept the truth. Now a day, the behavour of the most of burmese peoples are in really bad situation. People are saying they want democracy but most of the people inside burma don't really know what is it. Most of the peoples have been brain wash by stupid goverment. So first thing is to open the people's eye and make them to understand what is the human right, show them how to respect each others, tell them how to behave each other, let them know how to works as group work such as union, show them the way of their furture, ask them to find out what they want to be and let them to say openly, tell them to against the people who are not doing right things, train them how to familer with highest technology and let them know how the technology can change the life of theirs and ... So how can we do those things??? First,the media which must be in absolutely free for public. But we need to block some of them that against burmese culture such as media concern with porn. Media must get fully right and they can let public know the right information. It is not so hard to do that because we have a lot of basic resourse inside country such as a lot of journals and magazines. Just need the freedom. Another importent thing is the Law and Order. Law and Order must not under anyone and everybody must get right from that. Law and Order must control everythings. Sadly, we don't have the chance to set right law and order in burma until now and only few people know some basic law. Another thing to do is education which is the furture of the country. We should introduce the people with free education system, free style of teaching, help the student to find what is their interest and support them at that area, give them load of resources such as libaries and Labs, let them to do many researches in where they really interest and main thing is let them to believe that the education is for their furture. It is not really difficult to change the education in burma. There are a lots of burmese peoples who are teaching and stdying at many universities all over the world and there are many educated and experience peoples who are living inside burma and waiting for the chance to change the country. There might be some area left to change such as economic and public health. I think we have to do first for above three things. If we can change those three area efficienly, I am deeply believe that I can be so proud for my country among the other countries of all over the world.
I like the topic and I think most of the peoples who are doing in politic havne't plan for that yet. I am always feel sad when I compare my country with others and always thinking about how to change my country as a develope country. I have been some developed country and meet many people from different countries. We have to accept one thing that Burma is really behind in global age. But the burmese peoples are not at behind and they don't have poor IQ. Alright, to change the burma as a develope country, first of all, we need to accept the truth. Now a day, the behavour of the most of burmese peoples are in really bad situation. People are saying they want democracy but most of the people inside burma don't really know what is it. Most of the peoples have been brain wash by stupid goverment. So first thing is to open the people's eye and make them to understand what is the human right, show them how to respect each others, tell them how to behave each other, let them know how to works as group work such as union, show them the way of their furture, ask them to find out what they want to be and let them to say openly, tell them to against the people who are not doing right things, train them how to familer with highest technology and let them know how the technology can change the life of theirs and ... So how can we do those things??? First,the media which must be in absolutely free for public. But we need to block some of them that against burmese culture such as media concern with porn. Media must get fully right and they can let public know the right information. It is not so hard to do that because we have a lot of basic resourse inside country such as a lot of journals and magazines. Just need the freedom. Another importent thing is the Law and Order. Law and Order must not under anyone and everybody must get right from that. Law and Order must control everythings. Sadly, we don't have the chance to set right law and order in burma until now and only few people know some basic law. Another thing to do is education which is the furture of the country. We should introduce the people with free education system, free style of teaching, help the student to find what is their interest and support them at that area, give them load of resources such as libaries and Labs, let them to do many researches in where they really interest and main thing is let them to believe that the education is for their furture. It is not really difficult to change the education in burma. There are a lots of burmese peoples who are teaching and stdying at many universities all over the world and there are many educated and experience peoples who are living inside burma and waiting for the chance to change the country. There might be some area left to change such as economic and public health. I think we have to do first for above three things. If we can change those three area efficienly, I am deeply believe that I can be so proud for my country among the other countries of all over the world.
CNL!
It's better to try our best for our progress without blaming others.
Present situation of the country will not allow us to claim anything for our progress in such as education, religion and economic. We hope for your comments on (if possible, suggestions to) our project aiming for helping the poor with their education. Please pay a visit to our blog which is “yinyeschool.blogspot.com”
No blame.
No clame.
Let’s do for our aim.
Will surely be pain.
Good luck.
Thank you.
Hoping for the best for all,
Acara.
Post a Comment