January 16, 2007

Discussion on "Are we burmese youth not clever enough?"

"Are we burmese youth not clever enough?"

မြန်မာလူငယ်တွေ ညံ့ကြပါသလား ဆိုတာနဲ့ပတ်သက်ပြီး အမြင်ဖလှယ်ကြရအောင်

Let's discuss together and share your opinions in this blog.
Feel free to express your view in the comments.
We'd be using that for our upcoming issue 10, April 2007.

Best Regards,
Editorial Team
Thanlwin Ainmat

13 comments:

Anonymous said...

Are we burmese youths not clever enough? The answer is yes. Maybe not too many people accept that. Yes, we might great IQ. I studied in four country, Burma, UK, SG and JPN. Most of burmese students are more better in the class than the students from other countries. Is that mean we are clever. I assume NO! Because we did not show anything that we did something for our country. What I mean in here is that if the young burmese people are good enough, they could change the country to one of the developest country in the world. But now our country is in the list of poorest countries. Our country has been have one generation of the young burmese people who are more than good enough. The generation that include General Aung San. Those young people can get the independent. But the generation after that is more worst and worst. So the answer of that question is we, burmese youth are not clever enough. Please scope for the young people from whole country.
CNL

Anonymous said...

First of all, do you mean if we are clever or intelligent? I guess it all depends on individual. Burmese youths are like youths from other countries. Depending on the opportunities given to them, they flourish or waste away. I think in general, most Burmese youths, who are hardworking and honest, tend to stay above average in terms of IQ levels. I was told once that Burmese people in America stay within top 90-95% of American population (proud indeed). Before I left home, I taught different levels of students (from primary to high school , from very poor to very rich) and I found that most kids were very intelligent (They, especially poor kids, have a lot of survival skills that you might not find anywhere else). This is not to say that they are cleverer than most people in the world though. I should say they need the right directions to be clever and to express their ingenuity.

Anonymous said...

Well…Likely to say that Burmese youth are clever enough in average. But what kind of situation do they need to be clever? I am just trying to make sense that cleverness refers to mental adroitness or to practical ingenuity and skill. Naturally Burmese people are fast learners and have potential that I guess. But based on our education system, our learning and thinking skill is framed and limited somehow. On the other hand we still know how to behave depending in our situation. Does it count on? Although we can argue that Burmese youth have potential and yet they don’t have enough chance to show their ability and eagerness in building country and economic state. Since when people used to follow the books and rules they lost their creativity and mind-set. Anyway this mental ability is based on individual. The art of being wise or clever is the art of knowing what to overlook. It is regardless of ethnic group. I just want to highlight from my point of view.

NNH

Anonymous said...

may i allow myself to ask the editorial board to differentiate between being clever and intelligent. so that will be a good point for those who want to pose their comments in the right way because to be clever does not necessarily mean that one is to be intelligent. it is easy to be clever but not to be intelligent. i will write more later.

Anonymous said...

သံလွင်အိပ်မက် ဘလောက်ကို လာပြီးဝင်ရောက်ဆွေးနွေး ဖတ်ရှုတဲ့သူအားလုံးကို ကျွန်တော်တို့ အားလုံးက ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့တလောက မြန်မာပြည်ပြန်တုန်းက အကြောင်းလေးနဲ့ပတ်သတ်ပြီး ဒီခေါင်းစဉ်လေးကို စဉ်းစားမိတာပါ။ မြန်မာပြည်က လူကြီးပိုင်းအများစုက ခုခေတ်လူငယ်တွေ ညံ့ကြတယ်၊ လက်ဖက်ရည်ဆိုင်ထိုင် အချိန်ဖြုန်းနေတာပဲ၊ ဘာအလုပ်မှလည်းမယ်မယ်ရရမလုပ်ချင်ကြဘူးလို့ ပြောသံတွေကိုကျွန်တော်တို့ ကြားရတော့ စိတ်ထဲမှာ ကျွန်တော်တို့လူငယ်တွေ တကယ်ပဲညံကြသလားဆိုတဲ့ မေးခွန်းလေးဝင်လာတယ်။

အဲဒါနဲ့ ကျွန်တော့်တို့သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး ဒီတစ်ခေါက် သံလွင်အိပ်မက် ဘလောက်မှာ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဆုံးဖြတ်အပြီးမှာ ပြဿနာတစ်ခုရှိလာပါတယ်၊ အင်္ဂလိပ်လို ဘယ်လိုဘာသာပြန်ရမလဲဆိုတာပါ။ ကျွန်တော်တို့က မြန်မာလူငယ်တွေ ဥာဏ်ကောင်းတယ်(ဥာဏ်မကောင်းဘူး)ဆိုတာမျိုးကိုမသုံးချင်ပါဘူး။ မြန်မာလူငယ်တွေညံ့ကြသလားဆိုတာကို အဓိကဆွေးနွေးချင်တာပါ။
Intelligent ကို ကျွန်တော်တို့က ဥာဏ်ကောင်းသောဆိုတဲ့ အဓိပ္ပါယ်နဲ့ အသုံးများခဲ့ပါတယ် clever ကိုတော့ တော်သော၊ လိမ်မာသောစတဲ့ အဓိပ္ပါယ်နဲ့ ရင်းနှီးခဲ့ပါတယ်။ Cambridge Advanced Learner's Dictionary မှာတော့ အဲဒီစကားလုံးနှစ်လုံးရဲ့ အဓိပ္ပါယ်ကို အောက်ပါအတိုင်း ဖွင့်ဆိုထားပါတယ်။

intelligent Show phonetics
adjective
showing intelligence, or able to learn and understand things easily:
a highly intelligent young man
an intelligent remark
Helen had a few intelligent things to say on the subject.

clever Show phonetics
adjective
having or showing the ability to learn and understand things quickly and easily:
Judy has never been very clever, but she tries hard.
Fiona is very clever at physics.
Charlie has a clever idea/plan for getting us out of our present difficulties.

အဓိပ္ပါယ်ကတော့ ခပ်ဆင်ဆင်ပေမယ့် Intelligent က ပိုတော်နေတဲ့သဘောကိုတွေ့ရပါတယ်၊ နောက်ပြီး အစားထိုးပြန်ကြည့်တော့ Are we Burmese Youth not clever enough? ၊ နဲ့ Are we Burmese Youth not intelligent enough? ဆိုတာကိုရတယ်။ Are we Burmese Youth not clever enough က မြန်မာလူငယ်တွေညံ့ကြသလားဆိုတာကို ပိုမိုထိရောက်စေတဲ့သဘောလို့ရတာနဲ့ အဲဒီလိုပဲ တင်လိုက်ပါတယ်။ နားလည်မှုလွဲခဲ့ရင် ကျွန်တော်တို့ သံလွင်အဖွဲ့သားများရဲ့ ဘာသာစကားအားနည်းမှုဖြစ်ကြောင်းတောင်းပန်ပါတယ်။

တဆက်တည်း ကျွန်တော်ရဲ့ ဒီခေါင်းစဉ်လေးနဲ့ပတ်သတ်တဲ့ အမြင်လေးကိုတင်ပြလိုက်ပါတယ်။ 'ဒီခေတ်လူငယ်တွေ တော်တော်ညံ့ကြတာပဲ..' အဲဒီစကားကို ပတ်ဝန်းကျင်မှာ ကြားနေရတယ်။ လူငယ်.. လို့ဆိုလိုက်တာနဲ့ တက်ကြွတဲ့ အသွင်ကို ကျွန်တော်ကတော့ လှမ်းမြင်လိုက်တာပါပဲ.. လူငယ်မျိုးဆက်က ခေတ်တိုင်းမှာတက်ကြွနေတယ်.. လမ်းကြောင်းတွေရှာဖွေနေတယ်.. ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင်ကိုသာယာစေချင်တယ်..တိုင်းပြည်ကိုသူများနိုင်ငံတွေလို တိုးတက်စေချင်တယ်..

မျိုးဆက်တွေက တစ်ခုနဲ့တစ်ခုဆက်နေတယ်.. ကိုအောင်ဆန်းတို့ခေတ်ကနေ ဒီနေ့ထိ မျိုးဆက်တွေ ဆက်နေတယ်...ကိုအောင်ဆန်းတို့တွေက လွတ်လပ်ရေးကို ရယူခဲ့တဲ့ လူငယ်မျိုးဆက်.. နောက်တော့ လွတ်လပ်ရေးရလူငယ်မျိုးဆက်ကတော့ ပြည်တွင်းစစ်တွေကြားမှာစတေး သွားကြတယ်.. အဲဒီနောက် ၁၉၆၂ ရဲ့ လူငယ်မျိုးဆက်.. ကျွန်တော်တို့တွေ မှီတဲ့ ၁၉၈၈ မျိုးဆက် အခု ၂၀၀၀ ခုနှစ်ရဲ့ လူငယ်မျိုးဆက်.. လူငယ်တွေရဲ့ဖြောင့်မတ်ခြင်း ရဲရင့်ခြင်း၊ မျှတလိုခြင်းတွေဟာအခုထက်ထိရှိနေပါတယ်.. နောင်လည်းပဲရှိနေပါဦးမယ်။

'ခုခေတ်လူငယ်တွေ အင်္ဂလိပ်စာကို သူငယ်တန်းက စပြီးသင်တာတောင် ညံ့ကြတယ်.. အယင်တုန်းက ၅ တန်းမှ စသင်တာ'
ဟုတ်ပါတယ်၊ ကျွန်တော်တို့ ခေတ်မှာသူငယ်တန်းက စပြီးအင်္ဂလိပ်စာကို သင်ခဲ့ရပါတယ်.. ဒါပေမယ့် ဆယ်တန်းအောင်တောင်မှ အင်္ဂလိပ်စာ အပြောနဲ့ အရေးမှာ တော်တော်ကြီးအားနည်းကြပါတယ်။ ရှေးက ၀တ္ထုတွေကို ဖတ်ကြည့်တဲ့အခါမှာ သူတို့ရဲ့ သင်ကြားမှု ပညာရေးစနစ်ကို တစ်ပိုင်းတစ်စ တွေရပါတယ်။ ကျောင်းချိန်တွင်းမှာ အင်္ဂလိပ်လိုမပြောဘဲ မြန်မာလိုပြောမိရင် ခေါင်းမှာ ဂျိုကာ ဦးထုတ်အရှည်ကြီး ဆောင်းပေးတာတို့၊ သော့ခလောက် အကြီးကြီးကို ကိုင်ခိုင်းတာတို့နဲ့ ဒဏ်ပေးတယ်တဲ့ နောက် အဲဒီသူက မြန်မာစကားပြောတဲ့သူနောက်တစ်ယောက်ကို မိအောင်းဖမ်းရသတဲ့။ မမိရင်တော့ အဲဒီပစ္စည်းကို တနေ့လုံးစောက်ရှောက်ထားရတယ်တဲ့။ နောက်တော့ ရှက်လို့ ထိန်းရင်းထိန်းရင်းက ထမင်းစားရေသောက်ပါ ပြောကျင့်ရသွားရောတဲ.. ကျွန်တော်တို့ခုခေတ်လူငယ်တွေမှာ ဒီလိုပတ်ဝန်းကျင်မျိုးရှိခဲ့ပါသလား.. မရှိခဲ့ပါဘူး.. ကျောင်းသုံးစာအုပ်ထဲက စာတွေကို ကျွန်တော်တို့ ဆရာဆရာမတွေက ရှေ့ကအော်ပြ ကျွန်တော်တို့တွေက အော်ဆိုခဲ့ကြတာပါ.. အရေးမှာလည်း ဆရာဆရာမတွေက နမူနာ စာစီစာကုံး၊စာတွေကို ရေးပေးအော်ပေးရင်းကနေ အဲဒီအက်ဆေးတွေကိုပဲ ကျောင်းသားအများစုက ကျက်ဖြေခဲ့ကြတာပါ.. တချို့ ဆရာဆရာမတွေကဆို ကျောင်းသားက ကိုယ်တိုင်ရေးတာကို မကြိုက်ဘူး။ သူတို့ ရေးပေးတဲ့ဟာအတိုင်း ဤသည်မရွေးတူမှ ကြိုက်ကြတယ်။ အဲဒီတော့ .. လူငယ်တွေတကယ်ညံ့ကြတာလား.. ပညာရေးစနစ်လွဲချော်နေတာလား...

'လက်ဖက်ရည်ဆိုင်ထိုင်ပြီးအချိန်ဖြုန်းနေကြတယ်' ဟုတ်ပါတယ်.. လူငယ်ယောင်္ကျားလေးအများစုဟာ လက်ဖက်ရည်ဆိုင်ထိုင်ကြပါတယ်။ လက်ဖက်ရည်ဆိုင်ထိုင်တာဟာ အချိန်ဖြုန်းခြင်း မိန်းကလေးများအကြောင်းပြောခြင်း ထက် လွတ်လွတ်လပ်လပ်နေလိုခြင်း ကိုယ်ပြောချင်ရာကို လွတ်လွတ်လပ်လပ်ပြောလိုခြင်း က ပိုပါလိမ့်မယ်။ အယင်က လူငယ်စာဖတ်အသင်းတို့ စာအုပ်တိုက်တို့ ရှိပါတယ်။ ကိုအောင်ဆန်းတို့ ကိုကြီးနုတို့ က တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ နဂါးနီ စာအုပ်တိုက်တွေမှာ လွတ်လပ်စွာပြောမယ်၊ ဆိုမယ်၊ ဆွေးနွေးမယ်၊ ငြင်းခုန်မယ်။ အဲ.. သူတို့တွေလည်း မိန်းကလေးများအကြောင်းတော့ တခါတလေပြောကြလိမ့်မယ်။ သိန်းဖေမြင့်ရဲ့သပိတ်မှောက်ကျောင်းသား၊ ဇ၀နရဲ့ ကောလိပ်ဂျင်၊ တို့ကျောင်းသားစတဲ့ ၀တ္ထုတွေမှာ သူတို့ခေတ်က လူငယ်တွေရဲ့ပျော်စရာ ဘ၀လေးများကို မြင်ရပါတယ်.. ကျွန်တော်တို့မှာ အဲဒီလို စာကြည့်တိုက်မျိုး၊ စာအုပ်တိုက်မျိုး၊ သမဂ္ဂမျိုး၊ အနုပညာ အဖွဲ့အစည်းမျိုး၊ လေ့လာရေးခရီးမျိုးရှိခဲ့ပါသလား... မရှိပါဘူး။ ကျောင်းသားအယောက်နှစ်ဆယ်သုံးဆယ်လောက်စုပြီး နွေရာသီလေ့လာရေးခရီးထွက်ဖို့စီစဉ်ပေးတဲ့ မော်ကွန်းထိန်းတစ်ယောက်ဟာ ရာထူးကျပြီး နောက်ကို ကျောင်းသားများကို မစုစည်းဖို့သတိပေးခြင်းခံရသတဲ့။ လွတ်လပ်စွာပြောဆိုနိုင်မယ့် နေရာလေး.. လက်ဖက်ရည်ဆိုင်..ကို ယခုခေတ် လူငယ်တွေ ရှာဖွေတွေ့ရှိသွားကြတယ်.. ဒါတောင် ကဗျာအကြောင်း၊ ဖတ်ဖူးတဲ့ သမိုင်းဝတ္ထုများအကြောင်း၊ အရင်ခေတ်တွေက စနစ်တွေအကြောင်းကိုတိုးတိုးသာပြောနိုင်ပြီး မီးပျက်တဲ့အကြောင်း၊ စာခိုးချလို့ရတဲ့အကြောင်း၊ ဘယ်ဆရာမကို ဘယ်လို လာဘ်ပေးလို့ရကြောင်း ကောင်မလေးတွေအကြောင်း စတဲ့ အရာတွေကိုမတိုးမကျယ်ပြောရင်း ကျွန်တော်တို့တွေက ဘောလုံပွဲတွေအကြောင်း၊ နှစ်လုံးသုံးလုံး (လူတိုင်းနားလည်သောအရာ)တွေကို ဟစ်အော်နေတာဟာ.. ကျွန်တော်တို့တွေ ညံ့နေတာလား အချိန်ဖြုန်းနေတာလား .... စနစ်တစ်ခုရဲ့လွဲမှားမှုလေလား....


တိုင်းတပါး ရေမြေခြားကို ရောက်နေတဲ့ မြန်မာလူငယ်တွေဟာ အလုပ်ကြိုးစားကြတယ်။ စာကြိုးစားကြတယ်။ အောင်မြင်မှုတွေ ရကြတယ်။ အချိန်ကို တန်ဖိုးထားတတ်ကြတယ်။ မြန်မာပြည်တွင်းမှာရှိတဲ့ လူငယ်တွေက လက်ဖက်ရည်ဆိုင်ထိုင်တယ်။ အချိန်ဖြုန်းတယ်။ ညံ့ကြတယ်ဆိုရင် မြန်မာလူငယ်ချင်းတူတူ ဘာကြောင့်အဲလိုကွာခြားနေရတာလဲ။ ကျွန်တော်တို့တွေ စဉ်းစားဖို့လိုပြီ။ လူငယ်တွေကို ညံ့တယ်လို့ အပြစ်တင်နေမဲ့အစား ညံ့ရခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေပြီး ပြုပြင်ကြရပါမယ်။ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကပြောတယ် လူငယ်တွေ တကယ်စိတ်ဆန္ဒရှိလို့ တကယ်ကြိုးစားရင် အောင်မြင်ရမှာပေါ့တဲ့။ ဒါပေမယ့် အခြေအနေ တစ်ခုကို ထိုးဖောက်နိုင်တဲ့ လူတွေက လူနည်းစုပါ။ လူအများစုကတော့ ပုံစံသွင်းခံထားရတဲ့ စနစ်ဆိုးကြီးထဲမှာ နစ်မျောနေတာပါ.. ဒီခုလက်ရှိလူငယ်တွေကို စနစ်ကောင်းတဲ့ နိုင်ငံတစ်ခုမှာ နှစ်အနည်းငယ်ထားကြည့်ရင်တော့ ဒီလူငယ်တွေဟာ မညံ့ကြဘူးဆိုတဲ့ အဖြေ ကို ရရှိမှာပါ...

ကျွန်တော်ရဲ့ ထင်မြင်ချက်သာဖြစ်ပါတယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ်၊ နောက်လည်း ဆွေးနွေးချင်ပါသေးတယ်။ မတူညီတဲ့ ဆွေးနွေးချက်တွေကို ဖိတ်ခေါ်ပါတယ်။

Anonymous said...

ကျနော် ဒီတော့ပစ်ကို တွေ့တုန်းက ဘာရေးရင် ကောင်းမလဲ မသိခဲ့ဘူး၊ ဘယ်ညံ့မလဲ၊ သင်ပေးရင် အကုန်တတ်တာပဲ လို့တော့ ချက်ချင်းတွေးမိတယ်။ ဒါပေမယ့် ဒီရက်ပိုင်း အတွေးနည်းနည်း ဝင်လာတယ်၊ မြန်မာလူငယ်နဲ့ ပတ်သက်လို့ပေါ့နော်။

၁) မညံ့ပါ၊ လုံးဝမညံ့ပါ။
ယေဘုယျ အားဖြင့် ပြောရရင် မြန်မာတွေ ထူးချွန်ပါတယ်။ ပေတံ ဆိုတဲ့ စံညွှန်း အပေါ်မူတည် ပါတယ်၊ အနောက် နိုင်ငံက ရွယ်တူ လူငယ်နဲ့ ယှဉ်ရင်တော့ မိုးနဲ့မြေ ကွာပါလိမ့်မယ်၊ စိတ်မဆိုး ကြပါနဲ့၊ ယေဘုယျ ကိုပြောတာပါ၊ အိမ်က (အရမ်း)တတ်နိုင်ပြီး အမြော်အမြင် လည်းရှိတဲ့ မိသားစု မှာကြီးပြင်းတဲ့ လူငယ်ဆိုရင်တော့ ဘယ်နိုင်ငံနဲ့ မဆို ယှဉ်နိုင်ပါတယ်၊ ပညာ အရည်အချင်း၊ အလုပ်အကိုင် အတွေ့အကြုံ၊ အထွေထွေ ဗဟုသုတ၊ ဘာသာစကား၊ ပြဿနာကို တကိုယ်တည်း ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း၊ တီထွင်ကြံဆ နိုင်စွမ်း၊ ငွေကြေး စီမံခန့်ခွဲနိုင်စွမ်း၊ စတဲ့ ဒိုင်မန်းရှင်း တွေကနေ နှိုင်းယှဉ်တာကို ဆိုလိုပါတယ်၊ ကိုယ်အားသာတာ တခုတည်းကို ရွေးပြီး ယှဉ်လို့မရပါဘူး။ ဒါပေမယ့် အထက်မှာ ရေးခဲ့သလို အချက်နှစ်ချက် တပြိုင်နက်တည်း ပြည့်စုံတဲ့ မိသားစု မြန်မာနိုင်ငံမှာ မများပါဘူး၊ ရှိတယ်ပဲဆိုအုန်း၊ မြေတောင်မြောက်ပေးတိုင်း ထင်သလိုဖြစ်ထွန်းမလာတဲ့ ဥပမာတွေလည်း ဒုနဲ့ဒေးကိုး။ ဘာပဲဖြစ်ဖြစ်၊ ကျနော် အဲဒီလို သူများနဲ့ တခုခု ယှဉ်လိုက်တိုင်း မသာရင်နေမယ်၊ ညံ့မနေတဲ့ မြန်မာလူငယ် တယောက်မှ မတွေ့ဖူးသေးပါဘူး၊ ကျနော်ကိုယ်တိုင်လည်း အဲဒီလို ဖိုးကံကောင်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒါကို ညံ့တယ်လို့ မသတ်မှတ်သင့်ဘူး၊ ဘာလို့လည်း ဆိုတော့ ပေတံ နည်းတူ တာထွက်မှတ် ကိုလည်း ကြည့်ရပါမယ်၊ ကျနော်တို့ မြန်မာလူငယ်တွေ တာထွက်မှတ်က လူများတွေထက် အများကြီး နောက်ကျကျန်နေတယ်၊ ဒါကို သွားယှဉ်တော့ ဘယ်တရားမလဲ။ ကျောင်းမှာ ဘယ်လိုသင်တာ၊ အိမ်က ဘယ်လိုဆုံးမတာ စတာတွေထက် ကိုငယ် ရေးထားသလိုပဲ ပုံမှန်ဖွံ့ဖြိုးမှု ပေးနိုင်တဲ့ ပတ်ဝန်းကျင် လုံးဝ မရှိဘူး၊ အားလုံးသိတဲ့အတိုင်း စာတွေ့နဲ့လက်တွေ့ဟာ တခါတလေတော့ ဆီနဲ့ရေလိုပဲ၊ စီမံခန့်ခွဲမှု နည်းပညာကို စာအုပ်နဲ့ အကျအန သင်ပေးပြီး လက်တွေ့ကျကျ အသုံးချနိုင်တဲ့ ပတ်ဝန်းကျင် မရှိရင် သင်ခဲ့သမျှ အလဟဿ ဖြစ်စေသလို လွတ်လပ်ရေး၊ သွေးစည်းညီညွှတ်ရေး၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း စတာတွေကို စာအုပ်ထဲမှာပဲ တွေ့ရပြီး လက်တွေ့ဘဝမှာ ဘာကြီးမှန်းမသိနိုင်တော့ ဘာအတွက်သင်နေရသလဲ ဆိုတာဖြစ်လာတယ်။

၂) ကြောက်သည်၊ အလွန်ကြောက်သည်။
ဒါကမှ တကယ့်ပြဿနာလို့ ကျနော်ထင်ပါတယ်၊ အသက်၂၀ ဝန်းကျင် မြန်မာပြည်က ပူပူနွေးနွေးထွက်လာတဲ့ လူငယ်တွေကိုကြည့်လိုက်ရင် သူတို့မှာ အကြောက်တရားတွေ ဖုံးလွှမ်းနေပြီး တစုံတခုကို တောင့်တမျှော်လင့်နေတဲ့ မျက်စိအစုံကို ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ အသက်ကိုထည့်ပြောရခြင်းက အဲဒီအသက်အရွယ် အမေရိကနဲ့ ဥရောပက လူငယ်တွေဆိုရင် ကိုယ့်အိုးကိုယ့်အိမ် ထူထောင်နိုင်စွမ်းရှိနေကြပြီ (ကလေးမွေးနိုင်တာကိုမဆိုလိုပါ)။ အနောက်တိုင်းက ယဉ်ကျေးမှုနဲ့ ဟော့ရမ်းဆိုးသွမ်းတာတွေကို ကျနော်မဆွေးနွေးလိုပါ၊ ခုပြောနေတာတွေဟာ တော်မတော်၊ ထက်မထက်၊ ပါးမပါး ဆိုတာကိုပဲပြောနေပါတယ်။ အဲဒီလို သူများတွေ ကိုယ်ပိုင်အတွေးခေါ် အယူအဆနဲ့ ဘဝရှေ့ရေးကို အစီအစဉ်ဆွဲနေကြတဲ့ အရွယ်မှာ မြန်မာလူငယ်တွေဟာ စာတွေ့နဲ့လက်တွေ့ကိုပဲ ကျောင်းဝင်းပြင်ပက လက်လှမ်းမှီသလောက် သတင်းအချက်အလက်တွေနဲ့ ဟိုတလှည့်ဒီတလှည့်ယှဉ်ကြည့်ပြီး လွဲမှားနေတဲ့ အရာတွေကိုပြန်လည်ပြင်ဆင်ရင်း အချိန်ကုန် နေကြရတယ်။ သူတို့တွေ မြန်မာပြည်မှာ နေတဲ့ကာလတလျှောက်လုံး တကယ်တမ်းအရိုးစွဲပြီး တတ်သွားတဲ့ ပညာရပ်ကတော့ ကြောက်ခြင်းပါပဲ၊ စာကောင်းကောင်းသင်ချင်ရင်၊ အလုပ်ကောင်းကောင်းလုပ်ချင်ရင်၊ မိဘကိုလုပ်ကိုင်ကျွေးမွေးချင်ရင်၊ ကိုယ့်ယုံကြည်ချက်ကို အကောင်အထည်ဖော်ချင်ရင်၊ ယုတ်စွအဆုံး ဥပဒေဘောင်ထဲမှာ ဘာပဲလုပ်ချင်ချင် ဦးဆုံးလုပ်ရမှာက ကြောက်ခြင်းပညာရပ်ကို ဆည်းပူးပါ။ ဒီဟာမလုပ်ခင် ဟိုဟာမလုပ်ပါနဲ့၊ ဟိုအထိမတွေးပါနဲ့၊ ဟိုလိုလုပ်လို့ရသလားမမေးပါနဲ့၊ ဟိုဟာကိုမှားနေတယ်လို့မထင်ပါနဲ့ စသဖြင့် တင်ကြိုလိုက်နာရမယ့် ဘောင်တွေကရှိပြီးသား၊ ဆိုတော့၊ ဘယ်မလဲ လွတ်လပ်စွာ တွေးခေါ်မှု၊ ဘယ်မလဲ တီထွင်ကြံဆမှု၊ ဘယ်မလဲ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်မှု၊ ဒါတွေမရှိတော့ဘယ်ပညာရပ်က ထူးချွန်တဲ့အဆင့်ထိ ရောက်မလဲ။ ဟုတ်ပြီ၊ ကျနော် သိတာတွေလည်း မများဘူး၊ တကယ်ပဲ အဲသလိုဘောင်ထဲကနေ ကမ္ဘာ့အဆင့်မှီ အခြေအနေ တရပ်ရပ်ဆီကို ထင်ရှားကျော်ကြားစွာနဲ့ ရောက်သွားတဲ့လူပုဂ္ဂိုလ် သို့မဟုတ် ပညာရပ် သို့မဟုတ် ကိစ္စအကြောင်းအရာ တခုခုရှိကောင်းရှိမယ်၊ ဒါပေမယ့် ဘယ်သူမှငြင်းလို့မရတာက အဲဒီလို အဖြစ်အပျက် လက်ချိုးရေလို့ရပါတယ်၊ လူဦးရေ သန်း၅၀ရှိတဲ့ နိုင်ငံအနေနဲ့ ရှက်ဖွယ်လိလိပါပဲ။ နိုဘယ်လ်ဆုလို နိုင်ငံတကာ အသိအမှတ်ပြုတဲ့ဆုမျိုးကို သူများတွေဆို ရချင်လွန်လွန်းလို့ကြိုးစားလိုက်ကြတာ၊ ကျနော်တို့နိုင်ငံမှာဘယ်လိုလုပ်နေကြသလဲ အားလုံးအသိပေါ့။

၃) အားငယ်သည်၊ သို့သော်လူမသိစေလိုပါ။
ဒါကတော့ နံပါတ်၂ရဲ့ နောက်ဆက်တွဲ ရောဂါပါ၊ မြန်မာလူငယ်တွေ အားငယ်နေပါတယ်။ ဒါပေမယ့် လူများသိမှာ ရှက်ကြကြောက်ကြတဲ့ လူ့ဗီဇအရ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့တဲ့ အပြုံးတုတွေနဲ့ ဖုံးကွယ်တတ်ကြတယ်။ ဘာလို့ အားငယ်ကြသလဲ၊ သူများတွေနဲ့ တာထွက်တဲ့ အချိန်ချင်း အရမ်းကွာနေတယ်၊ ပြေးလမ်းကလဲချိုင့်ခွက်အပြည့်နဲ့၊ အရေးကြီးဆုံးက ဘာအတွက် ပြေးနေရမှန်း မသိတဲ့ အသိဥာဏ်နဲ့ ပြေးနေတော့ အားမငယ်ပဲ မနေနိုင်ဘူး။ ပန်းတိုင်ဆိုတာ ပြိုင်ပွဲတိုင်းမှာ အရမ်းအရေးကြီးတဲ့ အရာတခုပါ၊ ပြည်တွင်းကလူငယ်တွေ ပညာသင်ကြတယ်၊ ကျောင်းပြီးရင် ဘာလုပ်မလဲ၊ မိသားစု သုံးဖို့လောက်ပါ့မလား၊ နိုင်ငံခြား ထွက်မယ်ဆိုတော့ ဘယ်နိုင်ငံထွက်နိုင်သလဲ၊ ဘယ်အလုပ်မျိုးသွားလုပ်နိုင်မလဲ၊ ကိုယ့်မှာသူများနဲ့ ယှဉ်စရာဘာရှိသလဲ၊ နိုင်ငံခြားမှာ အဆင်မပြေရင် မြန်မာနိုင်ငံပြန်ပြီး အရင်းအနှီးနည်းနည်းနဲ့ လုပ်စရာလုပ်ငန်းကိုင်ငန်း ဒါမှမဟုတ် အရင်းအနှီး ရှိသလား၊ စသည် စသည် မေးခွန်းတွေကို ရေရေရာရာ ဖြေနိုင်တဲ့ လူငယ်မျိုး ဘယ်နှယောက်ရှိသလဲ။ သူတို့ ဘာအတွက် ပြေးနေသလဲ၊ ဘယ်ကိုဦးတည်ပြီး ပြေးနေသလဲ၊ ဘာဆိုဘာမှ မသိဘူး၊ လူအုပ်ကြီး ပြေးတဲ့အတိုင်းလိုက်ပြေးနေတော့ ပြေးတဲ့အခါ အားစိုက်ကောင်း စိုက်မယ်၊ စိတ်မပါရင် ဖြည်းဖြည်းလျှောက်မယ်၊ အဆင်မပြေတာ များလာရင် လမ်းပေါ်မှာပဲမှောက်ချလိုက်မယ်။ ဘာထူးသေးလဲ၊ ဘယ်ကိုသွားနေမှန်း မသိတဲ့အတူတူ ဒီမှာပဲလက်ဖက်ရည် ထိုင်သောက်နေတာ မကောင်းလား၊ ခိုးဆိုးလုယက် လုပ်နေတာမဟုတ်ဘူး၊ သူတို့အပေါ်တာဝန်မကျေတဲ့ နိုင်ငံတော်ကတောင် ကျေးဇူးတင်ပြီး ဆုတံဆိပ်အပ်နှင်းဖို့သင့်တယ်။ နောက်ပြီး အားငယ်တာလူမသိစေလိုတဲ့ အကြောင်းရင်းကို နည်းနည်းပြောချင်တယ်၊ အားငယ်တာရှက်စရာ မဟုတ်ရပါ၊ အကြောင်းအမျိုးမျိုးကြောင့် အားငယ်တတ်တယ်၊ ဥပမာ မိသားစုထဲက အရေးပါသူတယောက် မတော်တဆဖြစ်ပြီး ဆုံးပါးသွားတာမျိုးပေါ့။ အဲဒီလို အခြေအနေမှာ လူတွေဟာအားငယ်တာကို လူသိမှာမကြောက်ကြဘူး၊ သူများတွေနဲ့ရင်ဖွင့်တယ်၊ ငိုသင့်ငိုပစ်လိုက်တယ်။ ဒါပေမယ့် မြန်မာလူငယ်တွေ အားငယ်ခြင်းက အဲဒီလို အကြောင်းရင်း မဟုတ်ဘူး၊ မြန်မာနိုင်ငံ ဆိုတဲ့ ကိုယ့်နဲ့ ထပ်ကြပ်မကွာလိုက်နေတဲ့ အရိပ်ကြောင့်၊ မင်းဆီမင်းသွေးတက်ပြီး မြန်မာမှမြန်မာလို့ ပြောနေတဲ့လူများ ဒေါသအထွက်မစောပါနဲ့၊ ဒီကိစ္စကို သေချာစဉ်းစားပါ။ မြန်မာ = ( မလွတ်လပ်မှု + လာဘ်စားမှု + ဘိန်းကုန်ကူးမှု + စစ်အာဏာရှင် + အကျယ်ချုပ် + နယ်စပ်ဒုက္ခသည် + သတင်းစာနှစ်စောင် + မီးပျက်ရေမမှန် + မြို့တော်ပြောင်းရွှေ့ + ၁၉၆၂ မှသည် ၂၀၀၇ ဆီသို့အခေါ်အဝေါ်ပြောင်းလဲခြင်း + အာဆီယံဘေးချိတ် + တရုတ်ရုရှားသာမှီခိုရာ + အီရန်နျူလက်နက်ကိုထောက်ခံ + etc.. ) ဆိုတဲ့ အီကွေးရှင်းကို လူတိုင်းသိနေတာ ဘယ်သူငြင်းမလဲ၊ ဒီအချက်တွေထဲက ဘယ်အချက်တွေဟာ ပိုပိုသာသာ သွားပုတ်လေလွင့် လျှောက်ရေးထားသလဲ၊ ဘယ်ဟာတွေကို အသည်းထဲ အူထဲကနေ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောလို့ရသလဲ (လာဘ်စားတာကိုတော့ တိုက်ဖျက်တာတွေ့တယ်၊ ရေရှည်ကြည့်မှအကျိုးရှိမရှိသိမယ်)၊ မြန်မာနိုင်ငံသူ နိုင်ငံသား တယောက်အနေနဲ့ သူများမေးတာကို ဘယ်လိုဖြေရင်သင့်တော်မလဲ။ ရှင်းပါတယ်၊ ဘယ်သူမှဒီအကြောင်းမပြောတာ အကောင်းဆုံးပေါ့၊ ဖြေရှင်းစရာမလိုဘူး၊ ရှက်စရာလည်း မလိုတော့ဘူး၊ အပြုံးတုတွေနဲ့ပဲ ဆက်ပြီးအသက်ရှင်ကြတာပေါ့။

အနှစ်ချုပ်ပြောရရင် မြန်မာလူငယ်တွေ တခြားလူငယ်တွေနည်းတူ ဥာဏ်ကောင်းတယ်၊ ဒါပေမယ့် ရှင်သန်ဖွံ့ဖြိုး ဖို့ရာ သင့်တင့်လျောက်ပတ်တဲ့ ပတ်ဝန်းကျင်မရှိဘူး။ အဲဒါကြောင့် ကောင်းတဲ့ဥာဏ် သည်လည်း ထိုင်းသွားနိုင်တယ်။ မြန်မာလူငယ်တွေ ကြောက်တယ်၊ ဘာကိုကြောက်သလဲလို့ မေးရင် ပထမဆုံးဖြေမှာက အဖမ်းခံရမှာကိုကြောက်တယ်၊ ဘာလို့ဖမ်းမလဲမေးရင် နိုင်ငံရေးလုပ်ရင်ဖမ်းတယ်လို့ ချက်ချင်းဖြေလိမ့်မယ် (စိတယ်၊ ကုပ်တယ်၊ ဆွဲစိတယ် စသဖြင့် ဗန်းစကားတောင်ဖြစ်နေပြီ)၊ ဒါဆိုနိုင်ငံရေး မလုပ်နဲ့ပေါ့။ အဖြေထွက်လာပါပြီ၊ ကျောင်းမှာသင်တဲ့ ဘာသာရပ်တိုင်း နိုင်ငံရေးနဲ့ မကင်းပါဘူး၊ ဘယ်ပညာရပ်မဆို တနေ့မှာ အဲ့ဒီပညာနဲ့ လုပ်ကိုင်စားသောက်နိုင်ဖို့ သင်ယူနေတာချည်းပဲ၊ အဲ့ဒီအထိ တွေးလိုက်တာနဲ့နိုင်ငံရေး ထည့်မစဉ်းစားလို့ကို မရဘူး၊ ဒီလို အမြင်မရှိသ၍ ပန်းတိုင်မရှိတဲ့ပြိုင်ပွဲ ဝင်နွှဲနေတဲ့ လူတယောက်ထက် ဘာမှမပိုတော့ဘူး၊ ပြေးစမ်း၊ မောပြီးဆက်မပြေးနိုင်တဲ့အထိ။ မြန်မာလူငယ်များ ဘာ့အတွက်ပြေးနေရတာကို သိနိုင်တဲ့တနေ့ အမြန်ရောက်ပါစေ၊ မြန်မာလူငယ်များ ကိုယ့်သမိုင်းကိုယ်သိပြီး ကိုယ်သမိုင်းကိုယ်ရေးနိုင်ကြပါစေ။ (မြန်မာလူကြီးများလည်း ထိုးနည်း၎င်းပါပဲ၊ လူငယ်များထက်ပိုပြီး စူးရှထက်မြက်တဲ့ ဥာဏ်ပညာ အမြော်မမြင် ရှိကြပါစေ၊ ကောင်းမှုတွေပဲ ပြုနိုင်ကြပါစေ)

Anonymous said...

မြန်မာတွေ ညံ့ကြပါသလား။ ဒီမေးခွန်းကို တည့်တည့် ဖြေရမယ် ဆိုရင်တော့ 'မြန်မာလူငယ်တွေ ညံ့ကြပါတယ်'လို့ပဲ ဖြေရပါမယ်။ 'မြန်မာ'ဆိုတဲ့နိုင်ငံ တစ်နိုင်ငံကိုယ်စားပြုအကြောင်းကို ပြောရမှာဆိုတော့ ကမ္ဘာနဲ့ယှဉ်ပြီး ပြောရပါတော့မယ်။ ကမ္ဘာနဲ့ ယှဉ်ပြီး ကြည့်မယ်ဆိုရင် မြန်မာ လူငယ်တွေဟာ တော်တော် ညံ့ကြပါတယ်။ တွေးခေါ်မှုအပိုင်းမှာ၊ တီထွင်ကြံဆနိုင်မှု အပိုင်းမှာ၊ နည်းပညာပိုင်းမှာ၊ ဦးဆောင်မှုအပိုင်းမှာ စတဲ့ တော်တော်များများ အပိုင်းတွေမှာ အတော်လေးညံ့ကြပါတယ်။ ညံ့တယ်လို့ ဆိုပေမဲ့ မြန်မာလူငယ်တွေက မဖျင်းကြပါဘူး။ ညံ့တယ်ဆိုတာက တော်အောင်လုပ်လို့ရတဲ့ အခြေနေမှာ ရှိပါသေးတယ်။ ညံ့တယ်ဆိုတာက (၁)မကြိုးစားလို့ ညံ့တာ ဖြစ်နိုင်သလို၊ (၂) အခြေအနေမပေးလို့ (အခွင့်လမ်း မရှိလို့)၊ (၃) လုံလောက်တဲ့ ပံ့ပိုးနိုင်မှုအားမရှိလို့ ဆိုတာလည်း ဖြစ်နိုင်ပါတယ်။

(၁) မကြိုးစားလို့ ညံ့တာလား။ မြန်မာလူငယ်တွေ မကြိုးစားကြဘူးလား။ ကြိုးစားကြပါတယ်။ မြန်မာလူငယ်တွေ အရမ်းကိုကြိုးစားကြပါတယ်။ ကျောင်းကပေးတဲ့ ပညာနဲ့ မကျေနပ်နိုင်လို့ အကုန်ကျခံပြီး အပြင်က ရသမျှသင်တန်းတွေကို အငန်းမရ လိုက်ခွတက်နေတဲ့ လူငယ်တွေ အများကြီးပါပဲ။ အကုန်ကျမခံနိုင်လို့ တက်ချင်ပေမယ့် တက်ခွင့်မရဘဲ သွားရည်သာယိုပြီး ကြည့်နေရတဲ့သူတွေလည်း တစ်ပုံကြီးပါပဲ။ အရှေ့ကမ္ဘာ၊ အနောက်ကမ္ဘာ၊ သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံဆိုပြီး စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတာတွေဘက်မှာ အပြိုင်အဆိုင်ချဲနေကြတဲ့ ဒီခေတ်ကြီးထဲ ကိုယ်က ငုတ်တုတ်ထိုင်ပြီး အငှေါင်လိုက် ကြည့်နေရလောက်အောင်ကို မြန်မာလူငယ်တွေက မတုံး၊ မအ ကြသေးပါဘူး။ မြန်မာလူငယ်တွေက မကြိုးစားတာမဟုတ်ဘူး။ ထိုက်ထိုက်တန်တန် ကြိုးစားနိုင်ခွင့် မရှိသေးတာ။

(၂) မြန်မာလူငယ်တွေ ညံ့ကြပါတယ်။ အခြေနေမပေးလို့ (အခွင့်လမ်းမရှိလို့)ပါ။ အခြေနေလို့ ဆိုတဲ့နေရာမှာ မြင်သာရုံလောက်ပဲမဟုတ်ဘဲ၊ အရေအတွက် လုံလောက်မှုရှိပြီး အရည်အချင်း ပြည့်ဝတဲ့ အခြေနေမျိုးကို ဆိုလိုတာပါ။ ဆိုလိုတာက ထိရောက်မှု ပေးနိုင်တဲ့ အခြေနေ ရှိဖို့ပါ။ ဥပမာ ကျောင်းရှိရုံပဲ လုံလောက်တာမဟုတ်ဘူး၊ အရည်အချင်းပြည့်ဝတဲ့ ဆရာ/ဆရာမတွေရှိဖို့၊ လုံလောက်တဲ့ ကျောင်းသုံး အထောက်ကူပစ္စည်းတွေ ရှိဖို့လည်းလိုအပ်ပါတယ်။ သူများနိုင်ငံမှာ မူလတန်းကျောင်းတောင် အနည်းဆုံး စာကြည့်တိုက်ရှိပါတယ်။ ဒါက အရေအသွေးရှိတဲ့ အခြေနေနဲ့ပတ်သက်ပြီး ပြောချင်တာပါ။ ခက်တာက မြန်မာနိုင်ငံမှာ အခြေနေ(အခွင့်လမ်း) ဆိုတာကိုတောင် အထုတ်အထည်လိုက် ချပြနိုင်လောက်အောင်ကို များများစားစား မရှိသေးပါဘူး။ (ဒါက တစ်နိုင်ငံလုံး အတိုင်းတာနဲ့ ကြည့်ပြီး ပြောတာပါ။ မြို့ကြီးတစ်မြို့ရဲ့ ထောင့်တစ်နေရာကိုပဲ ကွက်ကြည့်ပြီး ပြောရင်တော့တစ်မျိုးပေါ့)။ ဘာလို့ အခြေနေတွေ မရှိရတာလဲ။ ဒါကတော့ ရှင်းပါတယ်။ တာဝန်ရှိသူတွေက အခြေနေ(အခွင့်လမ်း)တွေကို ဖန်းတီးပေးမှု အားနည်းနေတာပါ။ တံခါးတစ်ချပ်လုံးကို ဖွင့်ပေးလိုက်ဖို့ မပြောချင်ပါဘူး။ တော်ရုံသင့်ရုံလေး လှပ်ပေးထားတယ် ဆိုရင်ပဲ မြန်မာလူငယ်တွေအတွက် အတော်လေး လုံလောက်နေပါပြီ။

(၃) မြန်မာလူငယ်တွေ ညံ့ကြပါတယ်။ လုံလောက်တဲ့ ပံ့ပိုးနိုင်မှုအား မရှိလို့ပါ။ ရှိတဲ့ အခြေနေလေးထဲကိုတောင် ၀င်ဆံ့နိုင်အား အများပိုင်းလူငယ်တွေမှာ မရှိကြပါဘူး။ မိသားစု အခြေခံလိုအပ်မှု (စားရေး၊ ၀တ်ရေး၊ နေရေး)အတွက်ကိုတောင် မနည်းရုန်းကန်နေရတဲ့ မြန်မာ့စီးပွားရေးရဲ့ ခြေနေထဲမှာ လူငယ်တွေ ပညာရေးကို သိပ်မျက်နှာသာမပေးနိုင်ပါဘူး။ စီးပွားရေး အဆင့်မရှိသ၍၊ စီးပွားရေး မတောင့်တင်းသ၍ စားဝတ်နေရေး အကြပ်တည်းထဲမှာ နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်တန်းက ဒုံရင်းဒုံရင်းနဲ့ နိမ့်နေအုံးမှာပဲ။ စားဝတ်နေရေး အကြပ်တည်းနဲ့ လူနေမှုအဆင့်တန်းနိမ့်နေသေးသ၍ လူငယ်တွေ ပညာရေးဘက် အရေးပေးနိုင်မှု အားနည်းနေအုံးမှာပဲ။ ပညာရေးဘက် အရေးပေးနိုင်မှု အားနည်းနေသ၍ မြန်မာလူငယ်တွေ ညံ့နေအုံးမှာပါပဲ။ ပညာရေးနဲ့ စီးပွားရေးက အပြန်အလှန် ဆက်စပ်မှု ရှိပါတယ်။ ပညာရေးက စီးပွားရေးကို အထောက်အကူပြုသလို၊ စီးပွားရေးကလည်း ပညာရေးကို အထောက်အကူပြုပါတယ်။

အနားသတ်အနေနဲ့ မြန်မာလူငယ်တွေ ညံ့ကြတယ်။ ဒီညံ့တာကို ဘယ်လိုလုပ်မလဲ။ အဖြေက အရည်သွေးပြည့်ဝတဲ့ အခွင့်လမ်းတွေကို ဖွင့်ပေးပြီး ဒီအခွင့်လမ်းထဲကို ၀င်ဆံ့နိုင်အောင် နိုင်ငံ့စီးပွားရေးကို တစ်ပြိုင်နက် မြှင့်တင်ပေးမလား။ ဒါမှမဟုတ် နောက်အဖြေတစ်ခုက အရည်အသွေး ပြည့်ဝတဲ့ အခြေအနေ(အခွင့်အလမ်း) တွေကို တာဝန်ရှိသူတွေက အကုန်ကျခံ ပံ့ပိုးပြီး လူငယ်တွေရှေ့ ဖောဖောသီသီနဲ့ ချပေးမလား။ ဒီအဖြေက ပိုပြီးကောင်းပါလိမ့်မယ်။ ဒါကလည်း နိုင်ငံတော်အနေနဲ့ မရှိမဖြစ်ရင်းနှီးသင့်တဲ့ အရာပါ။ ပညာရေးနဲ့ စီးပွားရေးယှဉ်ရင် ပညာရေးက ရှေ့ကလာတာပါ။ ပြီးတော့ စီးပွားရေးနဲ့ ပညာရေးအတူသွားတယ်ဆိုပေမဲ့ ပညာရေးက စီးပွားရေးကို လက်တွဲခေါ်တဲ့သူပါ။ ဒီပညာအရင်းအနှီးက နောင်အနာဂတ် စီးပွားရေးကို အထောက်အကူပြုပြီး၊ အဲဒီနောင်အနာဂတ် စီးပွားရေးကပဲ နောင်ထပ်ဆင့်ပညာရေးကို ပြန်တာဝန်ယူသွားမှာပါ။ အဲဒီလိုဆိုရင် “သံလွင်”သာမက မြန်မာပြည်သူပြည်သားအပေါင်း “မြန်မာလူငယ်တွေ သိပ်တော်ကြပါကလား” ဆိုတာကို အိပ်မက်မက်နိုင်ကြတော့မှာပါ။

Anonymous said...

I am just a young guy. 25. I wanna have some comment on this posting: It is posted by CNL or Anonymous, at 1/17/2007 10:47:46 AM.

He or she said:
"Our country has been have one generation of the young burmese people who are more than good enough. The generation that include General Aung San. Those young people can get the independent. But the generation after that is more worst and worst."

I wanna say:
Who are the worst? Who really screw us? General Aung San is the best Myanmar. We still can't recover from the loss of General Aung San. Not his generation. Not his generation. The generation of "30Comerade" include NeWin. NeWin and his people screw us. There are many inefficient politicians like U Nu. They makes us poor. 1940s and 1950s were the most important time in our history. Those young people really screw us. After that SawMaung, KhinNyint, ThanShwe and his generals did the same thing again. Backstabbing? May be this is one of the dark sides of Myanmar Culture. Nothing to do with Myanmar young people. We are a lot better, clever, smataer than all those political exile living in UK, US, Japan, Aus. Those guys can't even topple the government. This is an easy job, you know.

MSS (MyanmarSecretSociety)

Anonymous said...

My answer to this question is, sadly, no. Compare to most countries on earth, our youth and our education are in bad condition. Well, I know that there are some clever Burmese students in the best schools such as Duke, MIT, Harvard,Oxford and so on. But if we talk about the average Burmese youth, the fact is painful to accept. Firstly, The Lack of Education resourses: most of population are in rural places, there are only some very basic village community schools supporting the education. And many other ethic groups in the rural area just don't have a chance to learn Burmese at all. Let's talk about the government school. I myself have gone through this, and it was just horrible. The only thing I learned at school was to memorize and obey. There is no critial or creative thinking involved. Most students just don't have the incentive to study. After all, if what is the point of studying if you can't find a decent job relating to what you learn. Even the medical schools in Myanmar are such a mess.(i have attended the first year). Well, I certainly believe that Burmese youth's IQ are no less than any other group. But we will have a long way to go for our youth (the whole nation) to keep up with others.

Sean OK, Sai said...

In my humble pinion, we are way a little bit kind of impulsive to react on this topic.

ThanLwin's brothers do give the clear meaning of the topic in both English and Burmese and I don't see the reason why we need to re-define it.

I can understand all you guys' good intentions but the point is we are totally out of tune with the underlying subjects.

I think the topic is as simple as its' spelling but if we hit with the right notes, it could be very interesting and constructive.

It is common understanding that we, human beings, were all born differently with different background, cities, states and countries. Different IQs, EQs. Some born genius where else some were born as dumb as me. Regardless of where we born, what nationaltities we are.

So like I used to mentioned earlier, it won't be fair to judge our fellow youths based just on our surrounding with a short yardsticks.

And will you agree how bright or sparkled a gems stone, if we do not nurture, we do not know how to grind, sharpen, Can we bring out its best colours, values? Why Myanma jades and rubies worth millions more abroad than they were in Myanmar?

They are raw. They do not have supporting facilities to make them shine. They are covered with mud. Though all over the world, they are deemed scarce minerals but we seems to take it for granted that we think they are apelenty. We do not nurture them. Go! where you want to go! so they are shine elsewhere that appreciates them.

Think about it and you will get what I am trying to say!

And outflows of our talented people or rather our youths? A myth or a fact? yes they are timid, they are overly obedient but are they not clever? Na...

So my argument or rather understanding is we are normal and on par with anyone else in the world. No less clever nor overly clever in general.

I will talk more with the conditions that you guys discussed if times allow.

Well.. I might be wrong..and correct me if in the case.

But I hope no more argument on definition whether clever or intelligent, please. I think it Ko ThanLwins are clear enough. Be focus.

Be constrcutive and yet positive.

Anonymous said...

Actually, It is just reply for the comment of MSS. First of all I like to say welcome for the comment on my opnion. But I will still stick with my opnion. The generation that include general Aung San are more clever enough than the recent generation of burmese youth people. Because they are so brave and they can make it happen. However, Nay win and his fellowship screw up the country we should accept that they are still clever enough than the new generation. Because the new generation of today cannot get anything back from them and let them to make decion about the future of the country. Most of the burmese youth generation of today are selfish and not brave enough to give their life for the country. And they scare to ask to control the future of the country and their life from the hand of those old generation. Don't forget about one thing that those people of the generations of General Aung San who fought for the independant from the British and made the future of their country are only around 20 years old. And it is not so easy.
CNL!

Anonymous said...

I am also a young burmese person.
CNL!

Anonymous said...

Most of burmese are living withing limitation.Who can deny the future of burma is depend upon youth.That's why, all the burmese inside or outside need to struggle for the country as much as they can in their part .