April 12, 2007

သံလွင်အိပ်မက် အမှတ် (၁၁)အတွက် စကားဝိုင်း

သံလွင်အိပ်မက် အမှတ် (၁၁)တွင် ထည့်သွင်းအသုံးပြုမည့် စကားဝိုင်းကဏ္ဍအတွက် အောက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး ၂၀၀၇ ဇွန်လ ၁၅ရက် မတိုင်မီ ၀င်ရောက်ဆွေးနွေးနိုင်ပါသည်။

“ကိုသံလွင် မြန်မာပြည်ပြန်စဉ်က ဆယ်တန်းအောင်ပြီးစ လူငယ်လေးတစ်ယောက်နဲ့တွေ့တယ်။ အမှတ်ပေါင်းကလည်း ကောင်းနေတော့ ကြိုက်တဲ့လိုင်း ရွေးလို့ရတယ်ပေါ့။ ဒါပေမယ့် ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ သူဘာလုပ်သင့်တယ်ဆိုတာ ကူညီပြီး အကြံပေးကြပါဦး”

12 comments:

Thiha Kyaw Zaw said...

ကျွန်တော်ညီတစ်ယောက်သာဆိုရင်တော့ .....
၁) သူဘာ ၀ါသနာပါလဲ ဆိုတာဖြစ်သည်။ သူဘာကို ၀ါသနာပါလဲဆိုတာကို တိတိကျကျသိဖို့ လို အပ်သည်။ ကိုယ်ရွေးချယ်လိုက်သည် career သည် တော်တော့ကို ၀ါသနာပါသည် career မျိုးဖြစ်ဖို့ လိုသည်။ ဘယ်လောက်ပဲ ပင်ပန်းပန်း၊ အချိန်တွေ ဘယ်လောက်များမျာလုပ်နေရ ပင်ပန်းတယ်၊ အလုပ်လုပ်နေရတယ် ဟူသော စိတ်မျိုးမဖြစ်သည့် တကယ်ကို့ ဝါသနာပါသော အလုပ်မျိုးဖြစ်ဖို့ အရေးကြီးသည်။

၂) ဘာပဲဝါသနာပါပါ၊ ဘယ်လို career မျိုးကိုပဲ ရွေးချယ်ချင်ချင် English စာကျွမ်းကျွမ်း ကျင်ကျင်တတ်ဖို့ အရေးကြီးသည်။ ဘာဖြစ်လို့ လည်းဆိုတော့ ကမ္ဘာပေါ်တွင်ရှိသမျှ ပညာရပ်များ၊ သတင်းအချက်အလက်များ၊ ရှာဖွေတွေ့ ရှိထားသောအချက်အလက်များ အားလုံးကို ရေးသားထား စာအုပ်များမှာ English ဘာသာစကားဖြင့်ဖြစ်သည်။ မည်သည့် နိုင်ငံခြားသားနှင့်ဆက်ဆံဆက်ဆံ ဆွေးနွေးငြင်းခုံစရာ၊ လူအများကို ချပြရန် လိုအပ်လာပါက English ဘာသာစကားဖြင့်သာ ကိုယ့်အမြင်၊ ကိုယ့်အယူအဆ၊ ကိုယ့်ယုံကြည်ချက်များကို တိတိကျကျ ငြင်းခုန် ဆွေးနွေးနိုင်စွမ်းသည် အရေးကြီးသည်။ IELTS သို့ မဟုတ် TOEFL ကြိုက်ရာလေ့လာနိုင်သည်။ ဖြစ်နိုင်လျင် ITLTS TOEFL ဘောင်ကိုကျော်၍ လေ့လာနိုင်လျင်ကောင်းသည်။ English ရုပ်ရှင် များများ ကြည့်သင့်သည်။ English လိုရေးသားထားသော သတင်း၊ magazine များဖတ်သင့်သည်။ ဒါမှ comtempory English ကိုလေ့လာနိုင်မည်။ ဗဟုသုတလည်း တိုးမည်။


၃) စာများများဖတ်ပါ။ အထူးသဖြင့်ကိုယ်ဘာ ၀ါသနာပါသည်ကို သေသေချာချာမသိလျင် စာများများပိုဖတ်ပါ။ မြန်မာစာအုပ်ရော English စာအုပ်ရော ဖတ်ပါ။ English သတင်းစာ၊ မြန်မာ သတင်းစာ၊ ဂျာနယ်၊ magazine များဖတ်သင့်သည်။ ကမ္ဘာကြီးတွင် ဘာတွေ ဖြစ်ပျက်နေသည်၊ မည်သို့ ပြောင်းလဲ နေသည်တို့ ကို သိရှိနေရမည်။ ဒါမှ ခေတ်မှီမည်။ ကိုယ့်ဗမာနိုင်ငံ အကြောင်းလည်း သိရမည်။ ဒါမှ အလိမ်မခံရမည်။ fiction ထက် non-fiction ကို ဦးစားပေး ဖတ်သင့်သည်။ မြန်မာစာအုပ်လောကတွင် 96 နှောင်းပိုင်းလောက်မှစပြီး ကမ္ဘာတွင် နာမည်ကြီးနေသော စာအုပ်အကောင်းများ ၊ ဘာသာပြန်ထွက်ရှိမှု များလာသည်။ မိမိနှစ်သက်ရာ လေ့လာနိုင်သည်။

၎) Internet access ရှိကိုရှိသင့်သည်။ အိမ်တွင်မသုံးနိုင်ရင်တောင် Internet Cafe တွင် သွားသုံးသင့်သည်။ အထူးသဖြင့် IT သမားဆိုပါက နိုင်ငံခြားတွင် ကျောင်းသွားမတတ်နိုင်သည် ထားအုံး၊ အင်တာနက်ပေါ်တွင် သူများနှင့် တန်းတူလေ့လာနိုင်သည်။ (ပြောသာပြောရသည်၊ မြန်မာပြည်ရဲ့ အင်တာနက်သုံးစွဲနိုင်သည့် အခြေအနေနှင့် အခက်အခဲကို နားလည်ပါသည် ခင်ဗျာ) နိုင်ငံခြားတွင် ကျောင်းသွားတတ်ချင်သည် ဆိုပါကလည်း သွားချင်သည့်နိုင်ငံ၊ တတ်ချင်သည့်ကျောင်းများ၏ လိုအပ်သည့် သတင်းအချက်အလက်များကို အင်တာနက်ပေါ်တွင် အကုန်ရှာယူနိုင်သည်။ ပွဲစားမျာကို အားကိုးနေရန်မလို။ ဒါအစဖြစ်သည်။ ကိုယ်သိချင် လိုချင်သည့် အချက်အလက်များကို ကိုယ့်ဟာကို research လုပ်၍ ရှာဖွေနိုင်စွမ်းရမည်။

၅) နိုင်ငံခြားတွင် ကျောင်းသွားတတ်ချင်သည်ဆိုပါက Singapore , Australia, Canada နိုင်ငံများသင့်တော်သည်။ အဘယ်ကြောင့်ဆိုသော် English စကားပြောနိုင်ငံများ ဖြစ်ကြသည်။ ကျောင်းပြီးလျှင် PR (Permanent Resident ) အခွင့်အလမ်းများသည်။ PR ရရန် လွယ်ကူမှု မလွယ်ကူမှု သည် နိုင်ငံခြားသွားချင်သူများ အဓိက စဉ်းစားရမည် အချက်တစ်ချက်ဖြစ်သည်။ Scholarship ရလျင်တော့ မည်သည့်နိုင်ငံမဆို သွားပျော်ပါသည်။ Liberal Arts ဆိုင်ရာ ဘာသာရပ်များ စိတ်ဝင်စားလျင်တော့ FulBright ပညာသင်ဆုကို မှန်းနိုင်သည်။ Diploma ထက် Degree ရမည့် လမ်းကြောင်းကို ရွေးချယ်ရမည်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ အိုင်တီ သမားများဆိုလျင် မြန်မာပြည်တွင် Degree ရအောင်ယူပြီး၊ နိုင်ငံခြားတွင် Master သွားရောက်တတ်နိုင်သည့် လမ်းကြောင်းမျိုးလည်း ရှိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သတ်ဆိုင်ရာ ဘာသာရပ်နှင့်ဆိုင်သည့် Lecture notes, Aritcals, news များကို အင်တာနက်ပေါ်တွင် အမြဲဖတ်ရှု့ နေရမည်။ အမေရိကား တက္ကသိုလ်၊ ကောလိပ်များတွင် Lecture notes, Syllabus များကို အင်တာနက်ပေါ်တွင် တင်ထားတတ်သည်။ ဒါတွေကို ၀င်ရောက်ကြည့်ရှု့ လေ့လာနိုင်သည်။ ရှာဖွေနိုင်လေ အကျိုးရှိလေ ဖြစ်သည်။ ဘာပဲလိုလို Google ရှိသည်။

Anonymous said...

I think need to consider also his family's financial condition.

ThanlwinAinmat said...

ဒါကတော့ ကျွန်တော်တို့အီးမေးလ်ထဲကို ပေးပို့လာတဲ့ မမာလာရဲ့ဆွေးနွေးချက်တွေပါ။

ပညာဆက် သင် ချင် သလား၊ စီးပွားရေးပဲလုပ် ချင် သလား၊ ဒါမှမဟုတ်
တခြားဘာလုပ်ချင်သလဲဆိုတာ ကိုယ့်ကိုကိုယ် အရင်မေးကြည့်ဖို့ လိုပါတယ်။
အကြံပေးရမယ်ဆိုရင်တော့ နိုင်ငံခြား ထွက်ပြီး စာသင်လို့ ပြောချင် ပါတယ်။
မြို့မငြိမ်းက ခေတ်မီမီကမ္ဘာကြည့်ကြည့်မြင်လို့ စပ်ခဲ့တာ အကြောင်း ရှိပါတယ်။
ဗမာပြည်က ပညာရေးဟာ ဆယ်တန်းအောင်ပြီးသား ကျောင်းသားတစ်ယောက်ကို
တကမ္ဘာလုံးက လက်ခံနိုင်တဲ့ ကျွမ်းကျင်မှုတွေ (အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊
စိတ် ဖြာတွေးခေါ် သုံးသပ်နိုင်မှု-critical thinking)၊ အဆင့်မှီတဲ့ အသိပညာ၊ အတတ်
ပညာနဲ့ဗဟုသုတတွေ မပေးလိုက်နိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ် အဆင့်မြှင့်ဖို့
အဆင့်မြင့်တဲ့ပညာရေးရှိတဲ့နေရာ သွားသင့်ပါတယ်။ ဗမာပြည်က ပညာရေးက
အဆင့်မြင့်တယ်လို့ ယူဆထားရင်တော့ တမျိုးပေါ့။ ကျွန် မရဲ့အတွေ့အကြုံအရ
ပြောရရင်တော့ ကိုယ့်ပြည်ထဲမှာ ကိုယ်လိုတာ မရနိုင်သေးပါဘူး။ ပညာရေး
facilities နဲ့ ပညာသင်ဖို့မက်လုံး-ဘွဲ့ရပြီးရင်အလုပ်အဆင်သင့် ၊ ပညာရှင်ကို လက်
ခံနေရာပေးတဲ့ ပတ်ဝန်းကျင်-မျိုးမရှိသေးပါဘူး။
ဟုတ်ပါပြီ။ နိုင်ငံခြားသွားသင်ချင်ပါပြီတဲ့။ ဖြစ်နိုင်ပါ့မလားလို့ မေးစရာရှိပါတယ်။
ငွေထားစရာမရှိအောင် ချမ်းသာနေရင်တော့ အလွယ်လေးပေါ့။ ငွေမရှိရင်တော့
နည်းနည်းရုန်းကန်ရလိမ့်မယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းဖြစ်နိုင်ပါတယ်။ ဇွဲရှိဖို့နဲ့
နည်းမှန်လမ်းမှန်ကြိုးစားဖို့တော့ လိုလိမ့်မယ်။
ငွေရှိရင်တော့ ဘယ်နိုင်ငံသွားချင်လဲ။ အဲဒီနိုင်ငံကကျောင်းတွေက ဘာတွေ
လိုအပ်လဲ စတာတွေသိအောင်လုပ်၊ ကျူရှင်တွေတက်၊ စာတွေကျက်ပြီး ပြင်ဆင်ပြီး သွားရုံပေါ့။
ငွေမရှိရင်ရော။
ပထမငွေရအောင်ရှာရမှာပေါ့။ ၁၀တန်းမှာအမှတ်ကောင်းခဲ့တယ်ဆိုတော့ guide
လုပ်ပြီးပိုက်ဆံစုလို့ ရမယ်။ တဘက်က လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ပေါ့။ အခု
ချက်ချင်းလုပ်နိုင်တဲ့၊ လုပ်သင့်တဲ့ ပြင်ဆင်မှုက အင်္ဂလိပ်စာ လေ့လာတာပါ။
၁၀တန်းအင်္ဂလိပ်စာကို နိုင်ငံတကာက မူလတန်း အဆင့်လောက်ပဲရှိတယ်လို့
သဘောထားပြီး အသည်းအသန် ကြိုးစားပါ။ တော်တော်ကြီးဟုတ်လောက်ပြီလို့
ကိုယ့်ကိုကိုယ် ထင်မှ နိုင်ငံခြားရောက်ရင် အသင့်အတင့်ပဲရှိမှာပါ။
အခုကျောင်းသားတော်တော်များများ စင်္ကာပူသွားကြတယ်။ ချမ်းသာတဲ့လူတွေ
အင်္ဂလန်သွားကြတယ်။ တော်ပြီးကျကျနန ပြင်ဆင်သွားတဲ့လူတွေ အမေရိကကို
scholarshipနဲ့ရောက်ကြတယ်။ ဘယ်လိုလုပ်ကြသလဲဆိုတာ စနည်းနာပါ။ SAT,
TOEFL, GCE သင်ပေးတဲ့ကျောင်းတွေက ဆရာတွေ၊ ကျောင်းသားဟောင်းတွေကို မေးပါ။
နိုင်ငံခြားရောက်နေတဲ့ ကျောင်းသားတွေကို ဆက်သွယ်ပါ။
သံလွင်ကတဆင့်လဲ ကူညီမဲ့လူတွေအများကြီး ရှိမဲ့ပုံပါ။
ဖန်တရာတေနေတဲ့ စကားထပ်ပြောချင်ပါတယ်။ လူငယ်ပညာတတ်၊ ပညာရှင်တွေ
ကပဲ တိုင်းပြည်တိုးတက်အောင်လုပ်နိုင် ပါတယ်။ ဒီမိုကရေစီရဖို့၊ လူ့အခွင့်
အရေးတွေရဖို့အရေးကြီးပါတယ်။ ကလေးတိုင်းစာသင်နိုင်ဖို့၊ အရွယ်ရောက်ပြီးတဲ့
လူတိုင်းအလုပ် အကိုင်ရရှိဖို့ကလဲ အလားတူအရေးကြီးပါတယ်။ ကိုယ်တိုင်
ပညာတွေတတ်၊ ဗဟုသုတတွေတိုးပြီး အမြင်ကျယ်လာရင်တော့ ကိုယ်ဘာလုပ်ပေး
နိုင်မလဲ၊ ဘယ်လိုလုပ်ပေးနိုင်မလဲလို့ သိလာပါ လိမ့်မယ်။ တွေးစရာတွေ
ပိုတွေ့လာပါလိမ့်မယ်။

Anonymous said...

Would it be too late if a youth decides what he/she will do for his/her whole life only after Matriculation Exam passed?

For me, a youth should - without peer presure and environmental influences to some degree - decide what he/she wanna do for his/her life as early as possible. (He/she should define what he/she is - a scientist? a politician? a writer? or a business person?)

Another issue to keep in mind for Myanmar youths is that except the Medical Education, no other field has satasfactory university-level-education system. (No, don't be too angry with me. Computer Science sucks - whether it is UCSY or KMD. Engineering is spoiled. Arts and Science? Don't ask me, see for yourselve and find out that I use the most polite words here)

So..., almost all youths with good marks go to medical field whether they wanna do it or not. You get my point? So, we have a broker who has an M.B.B.S, a business man who has an M.B.B.S, a tuition teacher who has an M.B.B.S leading to.... (you fill in this blank for me please)....................

So, where am I? Yes, what should a youth with high matriculation marks do? If he/she want to be a doctor, then go to M.C. If not, go abroad. That's all what I can advice.

Regards,

Law Shay

Anonymous said...

It's not what we suggest...it's what HE wants to do...there's no point in asking around and following what everyone is saying/doing without really knowing what he's doing to himself...it would be too late by d time he realizes like what after 3 years of Poly...

So, first, which field of study is he interested in?..from there, he should do his research on where to study, which major to take and what he can afford...

d most important is dat he should do what he likes, not what others advise...nor what d parents want...it's hard to reach high in doing something you don't like...

Wai Mar

Anonymous said...

Honestly saying,just need to inward out a burning desire of a young people.Unfortunatly,we will see that most of our young generation in Myanmar lose their identities and don"t know how to grip and what to do .Those facts being in given recent condition are purposely created by ---
Let say as living in dark-side and denying as potential resources.what can they do?First of all,they don"t know really what they want to be and how they want to do.Second is a lot of limitation factors such as social,economical conditions and so on.Mostly they are poors and can not access oppounities in global scales.The final one is lack of the impressive educational background.
Basically my opinion is to burn inward out their desires and they need to get back their identities.What we can do? we all have to do improve our civil societies and let them to involve in.Gradually they will know what they want to get and how they can do.That is better than our suggestions what they should do and how they should do.That"s why is no one can know their desires and beings surely.
If they have a commitment or desire,50% is complete for their lives or everythings.Qualification and other issues such as English skills,Internet access and so on are 30% and it could be cultured or learned.Uncertaintity and Fate is the rest of their percentage and it depends on their own choices.
Actually we need to have a lot of civil societies and eradicate an uneven ground level which created in Myanmar.

Unknown said...

ကျွန်တော့်အနေနဲ့ နှစ်ပိုင်းခွဲပြီး ၀င်ရောက်ဆွေးနွေးချင်ပါတယ်။ ပိုက်ဆံတတ်နိုင်တဲ့ မိသားစုကပေါက်ဖွားလာတဲ့ လူငယ်တွေအတွက်နဲ့ ပိုက်ဆံမတတ်နိုင်တဲ့သူတွေ အတွက်ဆိုပြီး ဆွေးနွေးချင်ပါတယ်။

ပိုက်ဆံတတ်နိုင်တဲ့ လူငယ်တွေအတွက်ကတော့ အထက်မှာ ကိုသီဟကျော်ဇော ပြောသွားသလိုပါပဲ။ သြစတြေးလျ ဒါမှမဟုတ် စင်္ကာပူမှာ ကျောင်းတက်သင့်ပါတယ်။ အဲဒီနိုင်ငံတွေမှာက သူတို့နိုင်ငံကနေကျောင်းပြီးရင် အလုပ်အကိုင်နဲ့ နေထိုင်ခွင့်တွေရရှိဖို့ အရမ်းလွယ်ပါတယ်။

ပိုက်ဆံမတတ်နိုင်တဲ့ လူငယ်တွေကတော့ အင်တာနက်ကနေ တဆင့် နိုင်ငံတကာက Scolarship တွေကို လိုက်ရှာပြီး လျှောက်သင့်ပါတယ်။ လက်လှမ်းမှီရင်မှီသလို နိုင်ငံခြားရောက်မြန်မာတွေကို ဆက်သွယ်ပြီး Scolarshipတွေ ဘယ်လိုနေရာတွေမှာ ရနိုင်မလဲဆိုတာတွေမေးသင့်ပါတယ်။

အထက်မှာ မဝေမာ ဆွေးနွေးထားတဲ့ အချက်တွေကို ကျွန်တော်ကတော့ သိပ်ပြီးဘ၀င်မကျပါဘူး။ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရှိတယ်ဆိုပေမယ့် ဘာမှမသိသေးတဲ့ အရွယ်မှာ အတွေ့အကြုံရှိပြီးသားသူတွေဆီကနေ အကြံဥာဏ်တောင်းသင့်တယ်ထင်ပါတယ်။ ပြီးတော့ Singaporeရဲ့ Polytechnicပညာရေးဟာ အရမ်းကောင်းလှတယ်မဆိုပေမယ့် စင်္ကာပူလိုနိုင်ငံမျိုးမှာတော့ လူတန်းစေ့နေနိုင်လောက်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုပါ။

ကိုယ်စိတ်ဝင်စားတဲ့ ပညာရပ်တစ်ခုကို လေ့လာချင်တယ် တတ်မြောက်ချင်တယ်ဆိုရင်တော့ ဘယ်Uni, ဘယ်Polyမှ မတက်ပဲ အင်တာနက်ထဲမှာသာ ရှာဖွေပါလို့ပြောချင်ပါတယ်။ အင်တာနက်ထဲမှာရှိတဲ့ Forumတွေ၊ Blogတွေ၊ Groupတွေကနေပြီးတော့ သိတဲ့တတ်တဲ့သူတွေကို မေးပြီး၊ Ebooks တွေ ဖတ်ပြီးသင်ယူလို့ရပါတယ်။ တကယ်တမ်းတော့ Uni, polyကရတဲ့ လက်မှတ်တွေဟာ စာရွက်တွေသက်သက်ဖြစ်ပြီး ထမင်းစားလက်မှတ်ပဲဖြစ်ပါတယ်။

aungthetnaing said...

I saw many suggestions above to go to MC, if not abroad. Well, I'm not so sure that MC is still a good option, due to lack of resources and increase in the number of students.

After all, it all boils down to individual. Even if one studies in Burmese education system, he can do self-study and earn knowledge. Of course, it is hard. If one put enough effort in medical education, he/she might be able to take MLE etc and still can go abroad.

It is true that peer pressure is very high in Yangon, in terms of career decision. Of course, one should try to follow his/her passion in terms of career. But I would say that resources are very limited in Yangon to reach such decision.

Well, my advise is try to find his passion if possible. If not, just go for the best practical route. He might find the field he chose is suitable for him.

I was told by my friend who did both Bachelor and Masters in one of the top Technical Uni in US that we , Burmese, study in US just for the sake of study. We just work hard. But we lack passion to become the actual scientists or researchers who will excel in the field. Yes, that's the problem with passion.

Anyway, all friends I know who are abroad just try their best. Most of them are top students in respective world class institutions.

So, one just need to give the best shot at whatever he does.

Anonymous said...

http://burmadigest.wordpress.com/2006/09/15/scholarships-for-burmese-students/

I will be brief.

Depends on his parents financial condition, his drive and determiniation.

If parents could afford about 20000+ US Dollars and if he can be admitted to Medical School, UCSY, Maritime University or Univ of Foregin languages. Then he could try to get good grades in local college in Burma and mean while he can take SAT1, SAT2 and TOEFL and apply good public universities in US, Singapore. If his SAT 1 scores are somewhere above 2000 then it is likely that he may get into a good university in the States. If his SAT scores are not that good but above 1600 then community colleges are way to go but there will be a bit problem with visa.
Good schools in the region like Singapore are not that expensive and subsidized and there are scholarships for talented students
(above 2000 in SAT1) in the States.
Some students who went to community colleges in California and then work hard to get good grades and transfer to public universities like UC Berkeley, UC Davis.

If his parents are rich and could afford more then he can aim for UK or Ausi universities where they will lower their entry criteria.

If he coulnot afford that much then he can still study in Burma, learn agressively and then prepare for USMLE exam for US (to be qualified for M.D post fix in the States). If he were going for engineering, he can work hard to be in top division (top 25%) of graduating class, take GRE (General Subject Test) and TOEFL and apply for graduate schools in overseas.

If he were into Computer Science then he can go towards some professional certification exams in addition to his UCSY Bachelor of computer studies, there are alot of vendor and vendor neutral exams can be taken in Yangon or Mandalay with Thomson learning test centers. For the time being, BCS or British Computer Society professional diploma exams (equ. to honours degree level in UK) is not available in Yangon and the test taker has to go to Singapore.
But if that can be taken in Burma, a person from GCC, UCSY, or GTC or Maritime university can earn a degree level qualification after spending a few hundred GB Pounds.
No need for KMD or MCC. Check www. bcs.org

http://www.mingalaronline.net/story/graduate2006.htm

Rgds

AKS

Anonymous said...

If British Computer Society exams could be taken at British Council
in Yangon and Mandalay

If it could be done so in Burma then it will be great as
a lot of students can earn a UK honours level qualification
in computer science without spending too much. It can be business opportunity
for some local entreprenurs to built resource centers around BCS exams takers. If anyone were interested then let me know. I found a way to built a non profit virtual distance learning university for helping poor Burmese students to earn UK education without spending too much. The GCC, UCSY, GTC, Maritime or Aerospace university students can take up these qualification in addition to their local degrees and it will enhance for their job or school admissions. This might be useful for those GTI studnets who are working, NCC folks, private universities in the region, PolyTechnics and ITE people. But it is demanding although cheap and open to all test takers.

The virtual university can be set up and maintained by a few hundred dollars and no more than 200 man hours per year. For some entrepreneurs, they could make this
as a business opportunities.
The graduates of BCS can get a job in Singapore and UK as it is a UK qualification in Computer Science.

The more demand we can create, we can push British council and BCS to make exams in Yangon.

http://www.bcs.org/server.php?show=nav.001010001001

http://www.bcs.org/server.php?show=nav.7146

http://www.bcs.org/upload/pdf/section8.pdf

http://tech.groups.yahoo.com/group/bcsnlbinfo/

INGJIN said...

inn,
i also felt like him.when i pass 10th standard,first choice i want to be a doctor but i miss medical line,so i attended the Y.I.T.Durning i attending the Y.I.T,i teaching for my survive.After i got the degree,i still teaching because just i need money to live my family.once i need to attend a training for technical course,i face interview with some teachers,do u know what he asked me?what r u doing now,i answered him,now i teaching 10th standard,so he said me that u could more understanding 10th standard course.right?how my technical field?what is my future?Technology is change with time,so the teachers told me that u would behind the age.At that time i am very sorrow myself because i knew that i was wrong.That is my experience.after he passed metriculation.According to my experience,first what he want to do?second if not get ur choice,how he will be continue?it is very important,choose the line wrong,he will feel the whole life.one more thing he must need to discuss with others that mean parents,teachers,..etc.they can give him guide line how to chose for his future.The last one after pass metriculation,he need to know what he want to be?that is very very important.his desire and hobby are same,he will get more succeful in life,sure.Let say,life and hobby are sometime away,don't disappoint u go ahead ur goal from present condition."Nothing is impossible under the sun"

Bye,

Ohn Sein(brunei)

A random thoughts of a Burmese man said...

အင်း အိမ်က ကျနော့်ရဲ့ ညီနှစ်ယောက်အတွက် တစ်ခါတည်း ပြောပြီးသားဖြစ်တာပေါ့...
တစ်ယောက်ကတော့ ဦးလေးရဲ့သား အမှတ်သိပ်မကောင်းဘူး ဒါပေမယ့် ပိုက်ဆံ အဆင်ပြေတယ်
နောက်တစ်ယောက်တော့ အဒေါ်ရဲ့သား အမှတ်ကောင်းတယ် ဒါပေမယ့် ပိုက်ဆံ အဆင်မပြေဘူး..
ပိုက်ဆံ အဆင်ပြေတဲ့သူအတွက်ကတော့ မြန်မာပြည်မှာ ကျောင်းဆက် မတက်ပါနဲ့ နိုင်ငံခြားကိုထွက် ပညာသင်ပါ၊ ကျနော်တို့တုန်းက မရခဲ့တဲ့ ပညာတွေ သင်ရပါလိမ့်မယ်၊ နိုင်ငံခြားထွက်ဖို့အတွက်ကတော့ မိမိမှာ အရည်အချင်းတစ်ချို့ပြည့်ဝဖို့လိုပါလိမ့်မယ် အဲဒီတော့ Tofel ကိုမဖြစ်မနေ၀င်ဖြေပါ၊ ဖြေနိုင်ဖို့အတွက် မိမိမှာ အရည်အချင်းပြည့်ဝအောင် ဖတ်ပါမှတ်ပါလေ့လာပါ၊ အလွတ်ကျက်တဲ့အကျင့်ကို ဖျောက်ပါ၊ နောက်ပြီး မိမိရဲ့ကိုယ်ကျိုးတစ်ခုတည်းကို မကြည့်ဘဲ အမျိုးသားရေး ရည်မှန်းချက်ထားပါ၊ ဘယ်အစိုးရ ဘယ်လောက်ဘဲ ဆိုးဆိုး တစ်ချိန်မှာ စစ်မှန်တဲ့ အရည်အချင်းရှိတဲ့ နိုင်ငံ့ခေါင်းဆောင်များ ဖြစ်ပေါ်လာမှာ မလွဲဧကန်ပါ၊ အဲဒီလို အခြေအနေတစ်ရပ်ဖြစ်ဖို့က ပညာတတ်လူငယ်အများစုရဲ့အင်အား လိုပါတယ်....

ပိုက်ဆံ အဆင်မပြေတဲ့လူအတွက်ကတော့ မြန်မာပြည်မှာ ရှိတဲ့ကျောင်းကိုဘဲ ဆက်တက်ပါ၊ ဘာဘဲ ဖြစ်ဖြစ် “ထန်းပင်တက် လက်မှတ်လေး တစ်ခုတော့ရတာပေါ့” နောက်ပြီး ကျောင်းက ပေးတဲ့ လက်မှတ် တစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး၊ ကျနော် ဆိုလိုတာက အပြင်မှာ သင်တန်းတွေ ထပ် တက်ဖို့ ပြောတာမဟုတ်ပါဘူး၊ မိမိကိုယ်တိုင်လေ့လာပါ၊ အားထုတ်ပါ၊ လေ့လာအားထုတ်မှုအား ကောင်းမှ သာလျှင် ပြည်တွင်းမှာ ရပ်တည်ဖို့ အလျှင်မီပါလိမ့်မယ်။ နောက်မို့ဆိုလျှင် “သူ့ထက်သူ လူစွမ်းကောင်းချည်းများပါဘဲ” အရပ်စကားနဲ့ပြောမယ် ဆိုရင်တော့ “သူမသာ၊ ကိုယ် အသုဘ”ပေါ့ ကွန်ပျူတာ ခေတ်ကြီးမှာ အင်တာနက်မှနေ လေ့လာအားထုတ်စရာများ အများအပြားရှိပါတယ်လို့ အားပေးသမှုပြုပါတယ်...ညီငယ်များ....