July 23, 2007

သံလွင်အိပ်မက် အမှတ် (၁၂)အတွက် စကားဝိုင်း

သံလွင်အိပ်မက် အမှတ် (၁၂)တွင် ထည့်သွင်းအသုံးပြုမည့် စကားဝိုင်းကဏ္ဍအတွက် အောက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး ၂၀၀၇ စက်တာဘာလ ၁၅ရက် မတိုင်မီ ၀င်ရောက်ဆွေးနွေးနိုင်ပါသည်။

“ဘလော့ဂ်ရေးခြင်းဟာ မြန်မာလူငယ်တွေ အကြားမှာ အတော်ရေပန်းစားလာနေပါတယ်။ ဘလော့ဂ်ဖတ်ခြင်း၊ ရေးခြင်းဟာ အချိန်ကုန်စေတယ်။ စိတ်ကူးပေါက်ရာတွေကို လျှောက်ရေးနေကြတာပဲလို့ တချို့က မြင်ကြပါတယ်။ စာဖတ်သူကရော ဘယ်လိုမြင်ပါသလဲ”

15 comments:

Anonymous said...

(၁)အသိပညာ
(၂)သုတ
(၃)ရသ

တစ်ခုခု ကျန်မယ့်စာ ဆိုရင် ဘလော့ဂ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ရေးသင့်ပါတယ်။

စာရေးသူ အတွက် သာမက စာဖတ်သူ အတွက်လဲ အကျိုးရှိတာပေါ့။

Anonymous said...

it eats up ur time, that's for sure.
but instead of going to pub and get drunk, writing is better.
don't u think so?

ကိုဖြိုး said...

အင်း .. ဘလော့ဂ်ကို ဖက်ရှင်တစ်မျိုးအနေနဲ့ လက်ခံကျင့်သုံးလာကြတာလို့ထင်ပါတယ် .. ။ ယခင်က အီးမေးများလိုပေါ့ နောက်တော့လည်း ကိုယ်သန်ရာသန်ရာနဲ့ လိုင်းတွေကွဲကုန်ကြမှာပါ။
ဘလော့ရေးခြင်းဖတ်ခြင်းဟာ အချိန်ကုန်စေတာတော့ အမှန်ပါ။ စိတ်ကူးပေါက်ရာကို လျှောက်ရေးတယ်ဆိုတာလဲ အမှန်ပါ။ ဒါပေမယ့် အမြဲလိုလိုကတော့ ကုန်သွားတဲ့ အချိန်နဲ့ ထိုက်တန်တယ်လို့ ထင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းတွေ၊ နည်းပညာသစ်တွေ၊ ခံစားမှုအသစ်တွေ၊ အရင်ရှိပြီးသားအဟောင်းတွေ အခြားသောအရာတွေကို ရရှိစေနိုင်ပါတယ်။ ကိုယ်ဘယ်လိုရှာလဲအပေါ်မှာ မူတည်ပြီးကိုယ်ရလိုက်တာ ကွဲသွားမှာပါ။ ကဗျာတွေကို စိတ်မ၀င်စားသူတစ်ယောက်ဟာ ကဗျာဆရာတစ်ယောက်ရဲ့ ဘလော့ဂ်ကို သွားနေလို့ကတော့ အချိန်ကုန်တာပဲ အဖတ်တင်မှာပါ။ ဘလော့ဂါများအနေနဲ့ စာဖတ်သူအတွက် စေတနာတစ်ခုနဲ့ ပို့စ်တွေကို ရေးနေတယ်ဆိုတာ .. သေချာနေသ၍ ဘလော့ဂ်ဖတ်ပရိတ်သတ်အတွက် အသိတစ်ခုမဟုတ်တစ်ခုရနေဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါဟာငွေကြေး အမြတ်အစွန်းအတွက်လုပ်နေကြတာ မဟုတ်ဘဲ ၀ါသနာပါရာလုပ်ကိုင်နေကြခြင်းကြောင့်ဖြစ်ပါတယ်။ သေချာတာတစ်ခုဟာ မြန်မာဘလော့ဂ်ရေးတဲ့သူတွေဟာ မြန်မာစာကို ပိုမိုကျွမ်းကျင်စွာရိုက်တတ်လာကြတာပဲ ဖြစ်ပါတယ်။

Chan Mya Soe said...

"မီး" လိုပေါ့
အသုံးချရင် ချတတ်သလို အကျိုးရှိတယ်။ အသုံးမချတတ်လို့ကတော့ အလကား အချိန်ကုန်တာပဲ ရှိမှာပါ။ အသုံးချတဲ့သူပေါ်မှာပဲ မူတည်မှာပါ။ သူများပြောလို့ ဘလော့ရေးတာ ဖတ်တာ အလကားပါပဲ ဆိုပြီး မလုပ်ပဲ မဖတ်ပဲနေသူတွေကတော့ ဘလော့ထဲက ရလာတဲ့ အသိပညာ ဗဟုသုတတွေကို ခံစားရမှာမဟုတ်ပါဘူး။ စာဖတ်သလိုပါပဲ ကိုယ်စိတ်ဝင်စားတဲ့ ကိုယ့်အတွက်တိုးတက်မှု ရှိစေတဲ့ စာပေတွေပါဝင်တဲ့ ဘလော့တွေကို လိုက်ဖတ်တာ ပိုကောင်းပါတယ်။ အဆိပ်အတောက် စာပေတွေပါဝင်နေမယ်ဆိုရင်တော့ ဝေးဝေးကနေ ရှောင်ရှားသင့်ပါကြောင်း ... ။

ကျွန်တော့်ရဲ့ အမြင်သက်သက်ပါ :)

99 said...

ကျနော်ကိုယ်တိုင်လည်း သူများဘလော့တွေ ဖတ်ကြည့်ပြီးတော့ ငါလည်းရေးချင်တယ်ဆိုတဲ့ စိတ်နဲ့ ခပ်ရှင်းရှင်းဘလော့တခု ရအောင်ကြိုးစားမိတယ်.. အဲဒီကနေ ကျနော်မြင်လာတာတွေကတော့ ..
ဘလော့ရေးတယ်ဆိုတာ ..
ကိုယ့်ဘလော့ကို ပိုကောင်းအောင်ဆိုပြီး ကိုယ်မလေ့လာဖူးတဲ့ မနီးစပ်ဖူးတဲ့ နည်းပညာတွေကို ဟိုဟိုဒီဒီ ဘလော့တွေကနေ တဆင့် လေ့လာမိတဲ့အပြင်..
ကိုယ့်ဘလော့ကို လာဖတ်သူတွေအတွက် တခုခုပေးလိုက်ချင်တဲ့ စေတနာနဲ့
ပိုကောင်းတဲ့ အကြောင်းအရာတွေ ..
ဗဟုသုတတွေ ..
နည်းပညာတွေ .. စတဲ့ စတဲ့ ကိုယ်တတ်နိုင်တာတွေကို ဖန်တီးချင်စိတ်တွေ ပေါ်လာတာပါပဲ။
ဒါ့အပြင် သူများ ဘလော့တွေကိုလည်း အချိန်ပေး ဖတ်ဖြစ်လာတယ်။
ကြိုက်ခြင်း မကြိုက်ခြင်းတွေကို အရင်လို ဂျီးမများဖြစ်တော့ပဲ ..
ဖန်တီးသူရဲ့စေတနာကို နားလည်စွာနဲ့
အရင်က ပြီးဆုံးအောင် မဖတ်ဖြစ်တာတွေ.. ဖတ်ဖို့ပျင်းနေခဲ့တာတွေ ..
မကြိုက်လို့ လှည့်မကြည့်ခဲ့တာတွေ အားလုံး..
အခုဖတ်ဖြစ်လာတယ်..။
စာများများ ဖတ်ဖြစ်ရာကနေ .. ဗဟုသုတတွေရော စိတ်နေစိတ်ထားတွေပါ ပြောင်းလဲလာစေတဲ့အတွက် ဘလော့အသိုင်းအ၀ိုင်းအခုလို ဖွံ့ဖြိုးတိုးတက်လာတာဟာ ဆုတ်ယုတ်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ ၀မ်းသာစရာလမ်းစတခုလို့မြင်မိတယ်..။
နောက်ပြီး.. တယောက်ကိုတယောက် မမြင်ဖူးကြပေမယ့် ဒီဘလော့တွေကနေ တဆင့် တကယ့် ငယ်ပေါင်းကြီးဖော်တွေလို ဖေးမကူညီ အကြံပေးနေကြတာတွေဟာ ငွေကုန်ကြေးကျခံပြီး တက်နေရတဲ့ စာသင်ခန်းတွေထက် အများကြီး အဓိပ္ပါယ်ရှိတယ်လို့ ခံစားရပါတယ်။
ဝေးကွာနေတဲ့လူတွေအချင်းချင်း မှန်ကန်တဲ့ ခွန်အားပေးရာ ရောက်ပါတယ်။
ဘလော့တွေပေါ်က အားထုတ်မှုတွေကို လူကြီးရော လူငယ်တွေပါ တယောက်နဲ့တယောက် အပြန်အလှန်လေးစားသမှုနဲ့ ခံစားပေးကြတဲ့အတွက်လည်း မျိုးဆက်အသစ်နဲ့ အဟောင်းတွေကြားက ကွာဟမှုတွေကို အချိုးညီညီ ပေါင်းစပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ပျောက်ဆုံးလုဆဲဆဲ ဖြစ်နေတဲ့ သမိုင်းကြောင်းတွေကိုလည်း ပြန်ရှင်သန်စေမယ့် နေရာတခုလည်းဖြစ်တယ်လို့ ယူဆပါတယ်။

MELODYMAUNG said...

သူများနိုင်ငံတွေမှာ ဘလော့ဂ်ရေးကြတာက လူကြီးလူငယ်တော်တော်များများ ဖြစ်နေပြီဆိုတော့ ကိုယ်လဲ ကိုယ်ပိုင်ဘလော့ ဂ်လေးတခုလောက်တော့ ရေးမယ်ဆိုပြီး စိတ်ကူးရနေတာကြာပါပြီ။ စစချင်းတော့ မြန်မာနိုင်ငံအကြောင်းနဲ့ ကိုယ့်အကြောင်းလေးနည်းနည်းပါးပါးကို အင်္ဂလိပ်လိုလေးရေးရင်းက မြန်မာလိုရေးတဲ့ မြန်မာဘလော့ဂါတွေရဲ့ ဘလော့ဂ်တွေကိုလည်းသွားလည်ရင်းဖတ်ရင်းကနေ တော်တော်လေးစိတ်ပါလာတာကြောင့် မြန်မာလို ကြိုးစားရိုက်ကြည့်ပြီး မြန်မာဘလော့ လေးရေးဖြစ်ခဲ့တာပါ။ ကိုယ်ရေးနေတုန်း ခုနောက်ပိုင်းမှာလဲအနှေးနဲ့ အမြန် အတော်ရေပန်းစားလာတာတွေ့ရတာလဲ ၀မ်းသာစရာပါ။
ဘာအလုပ်ပဲလုပ်လုပ်တော့ ထမင်းစား၊ ရေသောက်တာလေးပဲ ဖြစ်ဖြစ်တောင်မှ စိုက်ထုတ်မှုတခုအနေနဲ့ အင်အား၊ အချိန်၊ငွေ ဆိုပြီး တခုခုတော့ ရှိရမှာပါ။ ဘလော့ ဂ်တွေ ဖတ်ဖို့ ရေးဖို့ ရာမှာလဲ အချိန်ပဲဖြစ်ဖြစ်၊ အင်အားသို့မဟုတ် ငွေပဲဖြစ်ဖြစ် အနဲဆုံး တခုခုတော့ စိုက်ထုတ်မှုတွေပေးရမှာပါပဲ။ ပထမဆုံး ဘလော့ဂ် ဖတ်ဖို့ ဆိုရင်တောင်မှ ကိုယ့်မှာရှိတဲ့ အချိန်ပို၊ အချိန်အား များများစားစား မရှိရင်တောင်မှ အကြားအလပ်အားမဲ့ အချိန်လေးကို ခိုးယူပြီးကြိုးစားဖတ်ရမယ်။ အချိန်ရရင်လဲ ဘလော့ဂ်ဖတ်ဖို့ အင်တာနက် ချိတ်ဆက်ထားပြီးသား ကွန်ပြူတာသုံးဖို့ ကိုယ့် အိမ်မှာပဲဖြစ်ဖြစ် cyber café များမှာပဲဖြစ်ဖြစ် ပိုက်ဆံအကုန်ခံပြီးသွားဖတ်ရမယ်။ ကိုယ်သွားလည်ပြီးဖတ်တဲ့ ဘလော့ ဂ်တွေများရင်များသလောက် ဖတ်တဲ့ အချိန်ကြာရင်ကြာသလောက် ခါးနာ ဇက်ကြောတက်လို့ ဆေးခန်းမသွားရရင်တောင်မှ ကိုယ်လက်ညောင်းညာတဲ့ ဝေဒနာတွေ ခံစားရဦးမယ်။ ဒါက ဘလော့ ဂ်ဖတ်တဲ့သူတွေဖက်က စိုက်ထုတ်မှုတွေ။
ဘလော့ဂ်ရေးတဲ့ သူတွေဖက်ကဆိုရင်တော့ စောစောကပြောတဲ့ အချိန်၊ငွေကြေး၊ ကိုယ်လက်ညောင်းညာတာတွေသာ မကပါဘူး။ ကိုယ့် ဘလော့ဂ်မှာ ရေးသားတင်ပြစရာ ကုန်ကြမ်းအတွက် ရင်းနှီးစိုက်ထုတ်မှုများတောင်ပိုပါသေးတယ်။ ဘလော့ဂ်ရေးတဲ့သူတွေ ပို့စ်တင်စရာ အကြောင်းအရာ ဘယ်ကရလဲ စဉ်းစားကြည့် ရင် နှလုံးသားက ခံစားချက်တွေပဲ ဖြစ်ဖြစ်၊ ဦးနှောက်က အတွေးအခေါ်ထင်မြင် ယူဆချက်တွေပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သွားရောက်ခဲ့ တဲ့ နေရာတခုက မြင်ကွင်း၊ အခြေအနေ တခုခုမှာ မှတ်တမ်းတင် ရိုက်ယူဖြစ်ခဲ့တဲ့ ဓါတ်ပုံ၊ ဗွီဒီယိုပဲဖြစ်ဖြစ် ကိုယ်ဖတ်ရှုလေ့လာဖူးတဲ့ စာအုပ်စာတမ်းထဲက မှတ်စုမှတ်ရာတွေကို အပင်ပန်းခံ ရိုက်ပြီး ဝေမျှခံစားတင်ပြတာပဲဖြစ်ဖြစ် အားထုတ်မှုပုံစံတမျိုးစီအတွက် အရင်းအနှီးစိုက်ထုတ်ရတာပါ။ အဲဒီလို ဘလော့ဂ်တွေကို သွားဖတ်မိတဲ့ အခါ ကိုယ်နဲ့ လက်လှမ်းမမီသေးတဲ့ သတင်း၊ အချက်အလက်၊ အတွေးအခေါ် ၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးများကို သိရှိခွင့် ၊သိပြီးသားအကြောင်းအရာတွေကို ဖလှယ်ခွင့် ရလို့ ဒီလို ဘလော့ဂ်တခုတခုမှာ အသစ်အသစ်တင်မဲ့ ပို့စ်တွေကို ကျေကျေနပ်နပ်ကြီး မျှော်လင့် ရင်းစောင့် ဖတ်မိတာမျိုးရှိသလို ဘာအကြောင်းအရာကိုမှ မယ်မယ်ရရမရှိပဲ စိတ်ကူးပေါက်ရာကို လျှောက်ရေးနေတတ်တဲ့ (ဘလော့ဂ်ကို ရေးရမယ်ဆိုလို့ သာရေးနေတာ၊ ဘလော့ဂ်ရေးဖို့ အကြောင်းအရာ ဘယ်မှာဘယ်လိုရှာရမှန်းမသိဘူး၊ အဲဒီလိုဖြစ်နေ တွေးနေတတ်သော) ဘလော့ဂ် တချို့တလေလည်းရှိကောင်းရှိမှာပါ။

ဘယ်ဘလော့ဂ်တွေ ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ဂ်ဖတ်တဲ့သူတွေအနေနဲ့ ကိုယ့်မှာရွေး ချယ်ပိုင်ခွင့် ရှိတာမလို့ ကိုယ့်အတွက် အကျိုးခံစားမှု တစုံတရာမရှိတဲ့၊ ကိုယ်ဖတ်ချင်တဲ့ အကြောင်းအရာနဲ့ မကိုက်တဲ့ ဘလော့ဂ်တွေကို သွားမဖတ်ချင်လို့ ရှောင်ချင်လဲရှောင်၊ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ အရေးအသား၊ အကြောင်းအရာတွေအမြဲ တင်ပြတဲ့ ဘလော့ဂ်တွေရှိရာကို ကျေနပ်နှစ်သက်စွာ ဖတ်ဖို့ မကြာခဏပဲသွားသွား၊ အမြဲတမ်းပဲ သွားသွား အဲလို လည်ဖတ်နိုင်တာ အင်မတန် ကျေနပ်ဖို့ ကောင်းတယ်လို့ ထင်ပါတယ်။ ရည်ရွယ်ချက်တိတိပပ မရှိပဲ စိတ်ကူးပေါက်ရာလျှောက်ရေးနေတဲ့ ဘလော့ ဂ်တွေကတော့ အိမ်မသာလို့ ဧည့်မလာတဲ့ အခါ ပျင်းရိငြီးငွေ့ စရာကောင်းပြီး နောက်ဆုံးမှာ ရပ်နားသွားတဲ့ ဘလော့ ဂ်တခုအနေနဲ့ ဇာတ်သိမ်းသွားမှာတော့ မလွဲပါဘူး။

ဘလော့ဂ်ရေးသူတစ်ယောက်အနေနဲ့ တော့ ကိုယ်ရေးတဲ့ ဘလော့ဂ်မှာ လာဖတ်သွားကြတဲ့ သူငယ်ချင်းတွေအတွက် ကိုယ်သိထားရထားတဲ့ သတင်းအချက်အလက်၊ ဗဟုသုတတွေနဲ့ ပါတ်သက်တာပဲဖြစ်ဖြစ်၊ အချစ် အလွမ်းပါတဲ့ ခံစားချက်တွေပဲဖြစ်ဖြစ်၊ ရင်ကိုလာမှန်တဲ့ တွေးခေါ်ထင်မြင် ယူဆချက်တွေပဲဖြစ်ဖြစ်၊ နေ့ တဓူဝကြုံတွေ့ရတဲ့ ဘ၀အတွေ့ အကြုံတွေထဲက ပြောပြချင်တာတွေ ဖြစ်ဖြစ်၊ တချိန်မှာ ကိုယ်ပြန်ပြီး မှတ်မိသင့်တဲ့ မှတ်တမ်းတခုခု အနေနဲ့ ပဲဖြစ်ဖြစ် အကြောင်းအရာသိပ်မရွေးပေမဲ့ စိတ်ကူးပေါက်ရာ လျှောက်ရေးတာမျိုးမဟုတ်ပဲ တစုံတရာ အကျိုးရစေမဲ့ စာကောင်းပေမွန် ပို့စ်လေးတွေကို အတတ်နိုင်ဆုံး ကြိုးစားရေးသားသွားဖိှု့ဆန္ဒရှိပါတယ်။

Anonymous said...

ဘလော့ဂ်တွေကို ဖတ်ရှုခြင်းဖြင့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ နည်းပညာ၊ စာပေ၊ ယဉ်ကျေးမှု၊ သတင်း၊ ဒေသန္တရ ဗဟုသုတ၊ အပြင် လူတွေရဲ့ ခံစားချက်၊ အတွေးအမြင်တွေကို ကန့်လန့်ကာလှစ်ပြီး တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံကိုဖြစ်စေ မြင်နိုင်တဲ့ အပြင်၊ ဘလော့ဂ်စာမျက်နှာတွေဟာ စာရေးသူတွေရဲ့ အာဘော်၊ theme နဲ့ ကျွမ်းကျင်မှုတွေပေါ်မှာ မူတည်ပြီး ရသစုံကိုဖတ်နေရတဲ့ အထွေထွေ ဗဟုသုတ စုပေါင်း စာအုပ်တစ်အုပ်လို့ယူဆလို့ ရပါတယ်။
မြန်မာစာပေအရေးအသား တိုးတက်စေတာတော့အမှန်ပါပဲ။ အနည်းဆုံးတော့ ပြည်ပလူငယ်တွေကြားမှာ မြန်မာစာရေးသားခြင်း တိမ်ကောမှုကို ကန်သင်းဆည်ထားနိုင်မယ်လို့ ယူဆမိပါတယ်။

တစ်ချိန်ထဲမှာပဲ ဘလော့ဂ်ရေးခြင်း၊ ဖတ်ခြင်းဟာ အချိန်ကုန်တယ်ဆိုတာလဲ မှန်ပါတယ်။ ဒါပေမယ့် အချိန်တွေကို ဘလော့ဂ်မှာ သုံးတာလား၊ ဖြုန်းနေတာလားဆိုတာကတော့ မိမိအပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်စိတ်ကို ကိုယ်ဘယ်လောက်နိုင်တယ်ဆိုတဲ့ အပေါ်မှာ၊ မူတည်ပါတယ်။ အချိန်တွေကို အတိုင်းအတာတစ်ခုထိ ဘလောဂ်မှာ သုံးပစ်လိုက်နိုင်မှုကလဲ မိမိရဲ့ အပြင်လောက ဘ၀အခြေအနေပေါ်မှာ မူတည်ပါတယ်။ ဒါကို ထိန်းထားနိုင်တယ်ဆိုရင်တော့ အကျိုးယုတ်မယ်လို့ မထင်ပါဘူး။

အလကားရတယ်လို့ ယူဆနိုင်တဲ့ လွတ်လပ်ပွင့်လင်းတဲ့ ရင်တွင်းဖြစ် ခံစားချက်တွေ၊ ခံယူချက်တွေ၊ အတွေးအခေါ်တွေ၊ သတင်းအချက်အလက်တွေဟာ မိမိရဲ့တွေးခေါ်မှု၊ ခံယူချက်ပေါ်မှာ မူတည်ပြီး အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေတတ်ပါတယ်။

sayaba said...

ပလော့ ဆိုတာကို ကိုယ်ပိုင် ဒိုင်ယာရီစာအုပ်၊ ကိုယ်ပိုင်မှတ်စုစာအုပ်တစ်အုပ် အဖြစ်မြင်ပါတယ် ....... ကိုယ့်ကိုယ်ပိုင်စာအုပ်လေးကို ဖတ်ချင်တဲ့သူတွေ ဖတ်နိုင်အောင် ထုတ်ပေးထားတာပါပဲ ...... အကျိုးရှိမယ်ဆိုရင် ယူသုံးပေါ့ ..... အကျိုးမရှိဘူးထင်ရင် ဒီအတိုင်းထားခဲ့ပေါ့ဗျာ ....... ဘလော့ကို တစိုက်မတ်မတ်အားထုတ်ပြီးရေးနေတဲ့သူတွေရှိသလိုပဲ .... တခါတရံမှ ရေးတဲ့သူတွေလည်းရှိပါတယ် ....... အဲဒီထဲမှာ ကိုယ်နာမည်ရပြီးရောဆိုပြီး လုပ်နေတဲ့သူတွေရှိသလို တကယ့်အကျိုးပြုစာတွေရေးနေတဲ့သူတွေရှိပါတယ် ....... ကျေးဇူးလည်းတင်ပါတယ် ..... ကိုယ်မသိတာကို သိရတယ် .... ကိုယ်မသိတာကိုလည်း မေးလို့ရတယ် ..... အကျိုးရှိအောင်ရေးပေးနေတဲ့ ဘလော့ဂါတွေကို လေးစားပါတယ် ..... ဒီလိုရေးနေလို့ အချိန်ကုန်တယ်လို့ မယူဆပါဘူး ...... ကိုယ်နာမည်ရပြီးရော ရေးချင်ရာ လျှောက်ရေးနေတဲ့သူအတွက်ကတော့ အချိန်ကုန်ရကျိုးနပ်မှာ မဟုတ်ပါဘူး ...... ပလော့ရေးတာ အချိန်ကုန်တယ်ဆိုတာမှန်နေပေမယ့် အကျိုးရှိမယ်ဆိုရင် ပေးရတဲ့ အချိန်အတွက် တန်ဖိုးရှိပါတယ် ........

MMEDwatch said...

In my opinion, right use and mis-use is depend on individually and could be get different out outcome.

As far as I saw, most of Myanmar bloggers are intellectual, educated, and responsible.

Inside of Myanmar, we lack freedom to write and press, so I encourage to write blog freely with accountably.

I am very glad to see as Myanmar online society and sharing experience and knowledge.

Cheer

Myanmar Scholar
http://mmstudies.blogspot.com/

Younggun said...

ကျနော်ကတော့blogတစ်ခုဟာ
1 knowledge
2 wisdom
3 feeling
တစ်စုံတရာကိုပေးသင့်တယ်လို့ယူဆတယ်
ခံစားချက်ခြင်းဖလှယ်မယ်..
ဗဟုသုတခြင်းဖလှယ်မယ်...

ဖြိုးငယ် said...

ကျွန်တော့်အမြင်ကတော့
လူတိုင်းဟာ တစ်ခုခုလုပ်ရင်းနဲ့အချိန်ကုန်နေရကြတာပဲလေ....ကုန်တဲ့အချိန်ဟာ အကျိုးရှိဖို့ပဲလိုပါတယ်.....ကိုယ်ဝါသနာပါတဲ့
အလုပ်ကိုလုပ်နေရတယ်ဆိုရင် အချိန်ကုန်ရတာအကျိုးရှိပါတယ်...blog ကိုရောက်လာတဲ့လူတိုင်းဟာ ကိုယ်ဝါသနာအရ ...
ရောက်လာကြတာ မမှားနိုင်ပါဘူးဗျာ......စိတ်ဝင်စားစရာမရှိ.....အကျိုးမရှိဘူးထင်ရင် ဘယ်သူတွေမှရောက်လာကြမှာ
မဟုတ်ပါဘူးနော်....ဒါကြောင့် မကောင်းပြောတဲ့သူတွေဟာ မကောင်းမြင်တဲ့လူတွေပဲ ဖြစ်မှာပါ...ကျွန်တော်ကတော့ သူများတွေ
ပြောသလို..ဗဟုသုတ၊အသိပညာ၊သုတ၊ရသ...ရနိုင်ခြင်းကြောင့် အကျိုးရှိမယ်လို့ ထင်ပါတယ်

Anonymous said...

ဘလော့ရေးတာဟာ ရေးတဲ့လူပေါ်မှာမူတည်ပြီးကွဲသွားကြတာပါ။
ဘလော့တွေအမျိုးမျိုးရှိပါတယ်။တစ်ချို့ကနည်းပညာအကြောင်းရေးတယ်။တစ်ချို့ကတော့ကိုယ့်အကြောင်း
ကိုယ်ရေးတယ်။တစ်ချို့ကတော့ပညာပေးစာတွေရေး
တယ်။အကြောင်းအရာတွေကွဲနေပေမဲ့
ရည်ရွယ်ချက်ချင်းကတော့အတူတူပါပဲ။ ကိုယ်သိထားတာတွေကိုသူများတွေကိုဝေမျှချင်တယ်။ကိုယ့်ရဲ့ခံစားချက်တွေ၊အတွေ့အကြုံတွေကိုပြောပြချင်တယ်။သူကဒီအခြေအနေမှာဘယ်လို
လုပ်တယ်၊အခက်အခဲကြုံရင်ဘယ်လိုရင်ဆိုင်လဲဆိုပြီး
တော့လဲပြောပြကြတယ်။ပြီးတော့ဘာတွေဘယ်လို
ရှောင်ကြည်ရမလဲဆိုတာတွေလည်းပြောပြထားတယ်။
သင်ခန်းစာယူလို့ရတာပေါ့နော်။ကိုယ့်အလှည့်ကျရင်ဒီလိုကြုံချင်မှကြုံမယ်။ဒါပေမဲ့သူများတွေဘယ်လိုလုပ်လဲဆိုတာကိုသင်ခန်းစာယူပြီးကိုယ်အလှည့်ကျရင်နည်းနည်းအကြံထွက်တာပေါ့။ကောင်းတဲ့ဘလော့တွေရှိသလို၊
မကောင်းတဲ့ဘလော့တွေလည်းရှိပါတယ်။ဒါပေမဲ့အခုထိတော့မကောင်းတာတွေ
မျှဝေတဲ့ဘလော့တော့မတွေ့ဖူးသေးဘူး မြန်မာဘလော့တွေမှာပေါ့နော်။ကျန်တာတွေတော့မသိဘူး။မြန်မာဘလော့ဂါတော်တော်များများကစိတ်သဘောထားပြည့်ဝ
ကြပါတယ်။ကိုယ်သိတာတွေသူများတွေလည်းသိပါစေတော့ဆိုပြီးမျှဝေနေကြသူတွေများပါတယ်။သူတို့ဘလော့တွေကိုဖတ်ရတာပညာအများကြီးရပါတယ်။ဒီလိုနှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်မယ့်ဘလော့တွေကိုဖတ်ရတာတန်ပါတယ်။ဘလော့
ဖတ်တာအချိန်ဖြုန်းတာမဟုတ်တော့ဘူးပေါ့။ဒါပေမဲ့ဘယ်အရာမဆိုလွန်လွန်ကျူးကျူးဆိုမကောင်းပါဘူး။ဘလော့တစ်ခုကိုဖတ်ရတာအချိန်သိပ်မကုန်ပေမဲ့အများကြီးကို
ဖတ်မယ်ဆိုအချိန်အများကြီးကုန်တော့မှာပေါ့။
၁ ခုကို ၅မိနစ်ပဲထား၊ ၅ခုဆို၂၅မိနစ် ၊ ၁၀ခုဆို၁နာရီနီးပါးဖြစ်သွားပြီ။ ဘာပဲဖြစ်ဖြစ်ပါ ဘလော့ဖတ်တာကိုတော့အားပေးပါတယ်။ ဒါပေမဲ့ကိုယ့်ကိုအကျိုးပြုမယ့်စာတွေကိုပဲရွေးဖတ်ပါ။
ဘလော့ရေးတဲ့သူတွေကတော့ရေးမှာပဲ။ကိုယ့်ဖက်က
အကျိုးရှိတာရွေးဖတ်ဖို့ပဲလိုတယ်။ အစကတော့ဘလော့ရေးတဲ့လူတွေကကိုယ့်အကြောင်း
ရေးကြတာများတယ်။ဒါပေမဲ့စာဖတ်တဲ့လူတွေများလာ
တာနဲ့အမျှသူများအတွက်အကျိုးရှိမယ့်စာတွေရေးလာ
ကြတယ်။ဖတ်တဲ့လူကတစ်ခုခုရသွားရင်ကိုယ်လည်း
အကျိုးရှိတယ်လေ။ဟာ... ငါ့စာကလူတွေအတွက်အသုံးဝင်တယ်ဆိုပြီးတော့ပေါ့။ ပီတိဖြစ်ရတာပေါ့။ နောက်ဆုံးထပ်ပြောချင်တာကတော့ဘလော့ဖတ်ရင်းအချိန်အများကြီးကုန်ပြီးအချည်းနှီးမဖြစ်အောင်မိမိအတွက်အကျိုးရှိမယ့်စာများကိုသာရွေးဖတ်ကြပါလို့တိုက်တွန်းလိုက်ပါတယ်။

Eduking said...

(အပြုသဘောအရ)..
ကိုယ်တွေးမိတဲ့ အတွေးခေါ်အယူအဆလေးတွေ၊ ကိုယ့်အကြောင်းတွေ၊
ရရှိခဲ့တဲ့ သုတ၊ ရသတွေကို ပြန်လည်ဝေမျှခြင်းတစ်ခုပါ...
ရေးတာကြာလာတာနဲ့ အမျှ ကျွန်တော်တို့ အားနည်း နေတဲ့လို့ ယူဆရတဲ့ မြန်မာစာ အရေးအသားပိုင်းမှာ တိုးတက်နိုင်ပါတယ်...
ကျွမ်းကျင်ပြီးသား သူတွေအတွက်လည်း အကျိုးရှိပါတယ်...
နည်းပညာနဲ့ အနုပညာကို မဖြစ်မနေ ပေါင်းစပ်ပေးနိုင်မယ့် blogging ပါပဲ။

A random thoughts of a Burmese man said...

ကျနော့် အထက်က လူများ ဝေဖန်သုံးသပ်သွားတာ တော်တော်လေးကို ပြည့်စုံနေပါပြီ။
2006 ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်က စတင်ဖွံ့ဖြိုးလာတဲ့ ဇော်ဂျီဖောင့် အသုံးပြုရေးသား လာတဲ့ Blog တွေဟာ အခုချိန်မှာ တော်တော်လေးကို များပြားပြည့်စုံ နေတဲ့ Blog အသိုင်း အ၀ိုင်းကြီး တစ်ခုဖြစ်လို့နေပါပြီ။ ကျနော် အနေနဲ့ကတော့ Blog ကို နောက်ဆုံးပေါ် Media တစ်ခုအဖြစ် ယူဆမိပါတယ်။ ဒါကြောင့် Blog ဖတ်ခြင်းဟာ အချိန်အတိုင်းအတာ တစ်ခုကို ကုန်ဆုံးသွားစေတာ မှန်ပေမယ့် အကျိုးရှိခြင်း၊ အကျိုးမရှိခြင်းက ဖတ်တဲ့သူအပေါ်မှာဘဲ မူတည်ပါတယ်။ ရေးတဲ့သူများအနေနဲ့လည်း မိမိရဲ့ အချိန်တစ်စိတ်၊ တစ်ဒေသ ကိုပေးဆပ် အားစိုက်ထုတ်ပြီးရေးသားရတာ ဖြစ်တဲ့အတွက် အကျိုးတစ်စုံတစ်ရာ ရရှိစေလို့တဲ့ ဆန္ဒမှန်တော့ Blogger တိုင်းရဲ့ ရင်မှာ အစဉ်စွဲနေမယ့် အကြောင်းတရားတစ်ခုဖြစ်ပါတယ်။
ဒါကြောင့်ဘလော့ဖတ်ခြင်း၊ ရေးခြင်းဟာ ရေးသူအတွက်ရော၊ ဖတ်သူအတွက်ပါ အချိန်ကိုဆုံးရှုံးပေမယ့် တစ်စုံတစ်ခုသော အတွေးအမြင်၊ ဗဟုသုတ ကို ရရှိစေနိုင်တာကြောင့် အလဟဿ မဖြစ်နိုင်ဘူးလို့ ထင်မြင်ယူဆမိပါတယ်။

အောင်မျိုးဟန် said...

ကျွန်တော်ကတော့ ထွက်ပေါက်တခုအနေနဲ့စရေးခဲ့တာဗျို့ ခုတော့ စိတ်ခံစားမှုတွေ ကို ဖွင့်ချတဲ့ အနေနဲ့ ရေးနေတာပဲ
ဘလောက်က ကျွန်တော့အတွက်တော့ ထွက်ပေါက်တခုပါပဲဗျာ။